မန့်ပန်းအမှတ်(၃)ရှိ အိမ်ထောင်စု ၁၇ စု၏ နေထိုင်မှုတိုးတက်ပြောင်းလဲလာခြင်းမှတ်တမ်း

2020-11-04 15:52:10 |သတင်းအရင်းအမြစ် 云南日报

မန့်ပန်းအမှတ်(၃)ကျေးလက်အဖွဲ့သည် ယူနန်ပြည်နယ် စစ်ဆောင်ပန်းနားပြည်နယ်ခွဲအတွင်းရှိ လားဟု တိုင်းရင်းသားလူမျိုးနေထိုင်သော ရွာငယ်လေးတစ်ခုဖြစ်ပါသည်။ ရွာတွင် အိမ်ထောင်စု ၁၇ စုသာရှိပြီး လွန်ခဲ့သောနှစ်ပေါင်းများစွာအတွင်း သူတို့သည် ဆင်းရဲသော၊ နေ့စဉ်သုံးပစ္စည်းချို့တဲ့သော အထီးကျန် သည့်နေထိုင်မှုဘဝတွင် ရုန်းကန်နေထိုင်ခဲ့ရကာ ပြင်ပလောကနှင့်လည်း ဆက်ဆံမှုလုံးဝမရှိပါ။ သို့သော် ယခုတွင် သူတို့၏နေထိုင်မှုဘဝသည် ကြီးမားသည့်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပါသည်။

လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက မန့်ပန်းအမှတ်(၃)ကျေးလက်အဖွဲ့သည် တောတွင်း၌ ရှိနေခဲ့ပြီး ရွာတွင် စာဖတ်တတ်သူတစ်ဦးမှမရှိပါ။ အထူးသဖြင့် ရွာသားများသည် မိမိ၏ အသက်အရွယ်ကိုပင် သေချာဖော်ပြစွမ်းမရှိသောအခြေအနေအထိ ရောက်ခဲ့သည်။ ရွာသူရွာသားများသည် စောင်မရှိ သောကြောင့် ညပိုင်း၌ မီးလှုံမြေတွင်းနားတွင် အိပ်ခဲ့ရသည်။ နေမကောင်းသည့်တိုင် ဆေးရုံမသွား ခဲ့ကြပါ။

ယခုအချိန်တွင် ၎င်းရွာလေးသည် နေရာ ၂ ကြိမ် ရွှေ့ပြောင်းခဲ့ပြီးနောက် နေအိမ်သစ် အခြေစိုက် သည့်နေရာတွင် ကုန်းလမ်းအသွားအလာအဆင်ပြေသကဲ့သို့ ရေသန့်နှင့် လျှပ်စစ်ဓာတ်အားလည်း ရရှိနေပြီဖြစ်သည်။ အိမ်တိုင်းနီးပါးသည်လည်း ဆိုင်ကယ်ဝယ်ထားနိုင်ပြီး စောင်၊ အိပ်ရာခင်းများလည်း ဝယ်ထားကြသည်။ ရွာသူရွာသားများအနေနှင့် မွေးစာရင်းလက်မှတ်၊ မှတ်ပုံတင်၊ ဆေးကုခြင်း ဆိုင်ရာအာမခံကပ်ပြား အစရှိသည်တို့ ပြည့်စုံစွာ ပိုင်ဆိုင်ကြပြီး နေမကောင်းလျှင် ချက်ချင်းဆေးရုံသို့ သွားရောက်ကုသနိုင်မည်ဖြစ်သည်။

နေ့စဉ်နေထိုင်မှုဘဝအပြင် ရွာသူရွာသားများ၏ အလုပ်အကိုင်များသည်လည်း ကြီးမားသော အပြောင်း အလဲများ ဖြစ်ပေါ်လာသည်။

ဥပမာအားဖြင့်ပြောရလျှင် နတ်ရှီသည် အဆိုပါရွာလေးတွင် နောက်ဆုံးမုဆိုးအမျိုးသမီးတစ်ဦးဖြစ်သည်။ ယခုနှစ်တွင် သူမသည် အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်သည်။ သူမ အသက် ၁၃-၁၄ နှစ်အရွယ်က တောင်တက်ပြီး အမဲလိုက်ခဲ့သည်။ ထိုစဉ်အခါက သူမသည် ၂၀ မီတာ ကွာဝေးသော တောဝက်ကို သေနတ်ကျည်ဆန်တစ်ချက်တည်းဖြင့် ၎င်းတောဝက်ကို ပစ်နိုင်ခဲ့သည်။ သို့ရာတွင် ယခုအချိန်၌ နတ်ရှီ၏ အလုပ်သည် လက်ဖက်စိုက်ပျိုးခြင်းနှင့် လက်ဖက်ရောင်းဝယ်ရေးကို လုပ်ကိုင်နေသည်။

ရွာသားကျားဖေသည် အသက် ၈ နှစ်ခန့်အရွယ်က မော်တော်ယာဉ်ကို မတွေ့ခဲ့ဖူးသေးသဖြင့် မော်တော် ယဉ်များကို အံ့သြထူးဆန်းသည့်အိမ်ဟု ထင်မြင်ခဲ့ပါသည်။ ယခုအချိန်တွင် အသက် ၂၂ နှစ်ရှိပြီဖြစ်သော သူသည် ကားမောင်းသင်ပြီး မော်တော်ယာဉ်ဝယ်ရန်ပင် စိတ်ကူးနေပါသည်။

၂၀၁၅ ခုနှစ်တွင် မန့်ပန်းအမှတ်(၃) ကျေးလက်အဖွဲ့ရှိ ရွာသူရွာသားတစ်ဦးစီ၏ တစ်နှစ်ပျမ်းမျှဝင်ငွေ သည် တရုတ်ယွမ်ငွေ ၂၃၈၀ ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၈၈၂၆ ယွမ် ရရှိခဲ့သည်။ ရွာသူရွာသားများ၏ နေထိုင်မှုဘဝသည် သိသာထင်ရှားစွာ အဆင့်မြင့် တိုးတက်ခဲ့ပါသည်။

၂၀၁၈ ခုနှစ်တွင် အဆိုပါရွာလေးတစ်ရွာလုံးရှိ လူဦးရေ ၆၄ ဦးစလုံးသည် ဆင်းရဲနွမ်းပါးတွင်းမှ ကင်းလွတ်လာခဲ့ကြောင်း သတင်းအရ သိရပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006