ယူနန်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၃ ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ       

2020-11-10 16:35:11 |သတင်းအရင်းအမြစ် 云南发布

နိုဝင်ဘာလ ၉ ရက်နေ့တွင် ယူနန်ပြည်နယ်၌ ဒေသခံ ကိုဗစ်-၁၉ အတည်ပြုလူနာမရှိသော်လည်း ပြည်ပမှ ဝင်ရောက်လာသော ရောဂါလက္ခဏာမပြသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦး အသစ်တိုးလာသည်။ ၎င်းအတည်ပြုလူနာ ၃ ဦးသည် မြန်မာနိုင်ငံမှ ဝင်ရောက်လာသော မြန်မာနိုင်ငံသားများဖြစ်သည်။

နိုဝင်ဘာလ ၉ ရက်နေ့ ညသန်းခေါင် ၁၂ နာရီအထိ၊ ယူနန်ပြည်နယ်အတွင်း ပြည်ပမှ ဝင်ရောက်လာသော ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ဦး၊ ရောဂါလက္ခဏာမပြသည့် အတည်ပြုလူနာ ၆ ဦး ရှိသည်။ ၎င်းတို့အားလုံးအား သတ်မှတ်ထားသည့် ဆေးရုံ၌ သီးခြားထားပြီး ဆေးကုသမှုပေးနေကာ စစ်ဆေးစောင့်ကြည့်လျက်ရှိသည်။

  ရောဂါလက္ခဏာမပြသည့် အတည်ပြုလူနာများ၏ သက်ဆိုင်ရာအကြောင်းအရာများ--

Case ၁ ။ ။ မ၊ အသက် ၂၁ နှစ်၊ မြန်မာနိုင်ငံသား၊ ရန်ကုန်မြို့တွင် အမြဲတမ်းနေထိုင်သူ။

Case ၂။ ။ မ၊ အသက် ၂၀ နှစ်၊ မြန်မာနိုင်ငံသား၊ ရန်ကုန်မြို့တွင် အမြဲတမ်းနေထိုင်သူ။

အဆိုပါအတည်ပြုလူနာ ၂ ဦးသည် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချမ်းမြို့ ကင်မာခရိုင် မုန့်တင့်မြို့နယ်သို့ ဝင်ရောက်ခဲ့သည်။ နိုဝင်ဘာလ ၉ ရက်နေ့တွင် Nucleic Acid ဓာတ်ခွဲစစ်ဆေးပြီးနောက် ရောဂါပိုးတွေ့ရှိသောကြောင့် Negative Pressure လူနာတင်ယာဉ်ဖြင့် သတ်မှတ်ထားသည့် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၏ စစ်ဆေးချက်အရ ရောဂါလက္ခဏာ မပြသည့် အတည်ပြုလူနာဖြစ်ကြောင်း သုံးသပ်ခဲ့သည်။ ယခုအချိန်တွင် ၎င်းတို့နှစ်ဦးနှင့် အနီးကပ် ထိတွေ့သူအားလုံးကို သီးခြားထားစောင့်ကြည့်နေပြီး nucleic acid ဓာတ်ခွဲစစ်ဆေးခြင်းကိုလည်း ဆောင်ရွက်နေပါသည်။

Case ၃ ။ ။ ကျား၊ အသက် ၃၄ နှစ်၊ မြန်မာနိုင်ငံသား၊ ရန်ကုန်မြို့တွင် အမြဲတမ်းနေထိုင်သူ။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့သို့ ဝင်ရောက်ခဲ့ပါသည်။ နိုဝင်ဘာလ ၉ ရက်နေ့တွင် Nucleic Acid ဓာတ်ခွဲစစ်ဆေးပြီးနောက် ရောဂါပိုးတွေ့ရှိသောကြောင့် Negative Pressure လူနာတင်ယာဉ်ဖြင့် သတ်မှတ်ထားသည့် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ စစ်ဆေးချက်အရ ရောဂါလက္ခဏာမပြသည့် အတည်ပြုလူနာဖြစ်ကြောင်း သုံးသပ်ခဲ့သည်။  

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006