နိုဝင်ဘာလ ၁၀ ရက်နေ့တွင် တတိယအကြိမ်မြောက် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ သွင်းကုန်ကုန်စည်ပြပွဲပိတ်ပွဲအခမ်းအနားကို ရှန်ဟိုင်းမြို့တွင် ကျင်းပခဲ့ပြီး နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၆ နာရီအထိ၊ ယူနန်ပြည်နယ် ကုန်သွယ်ရေးအဖွဲ့သည် ဝယ်ယူရန် အမှာစာ ၁၁၆ ခုကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါလက်မှတ်ရေးထိုးခဲ့သည့် အမှာစာများတွင် စားသောက်ဖွယ်ရာ၊ လယ်ယာထွက်ကုန်၊ ဆေးကုသမှုဆိုင်ရာစက်ပစ္စည်းကိရိယာများ၊ စက်ယန္တရားများ၊ မော်တော်ယာဉ်နှင့် အခြားစားသုံးကုန် စသည်တို့ ပါဝင်သည်။
ယခုအကြိမ် သွင်းကုန်ကုန်စည်ပြပွဲတွင် ယူနန်ပြည်နယ်မှ မှာယူထားမည့် ထုတ်ကုန်အသစ်များ အားလုံးသည် ၎င်းတို့ကိုယ်ပိုင် ကုန်ထုတ်လုပ်ငန်းဖွဲ့စည်းပုံ၊ စားသုံးမှုဖွဲ့စည်းပုံနှင့် နီးကပ်စွာ ဆက်စပ်နေ ပါသည်။ အထူးသဖြင့် ယူနန်ပြည်နယ်၏ မဟာကျန်းမာရေးလုပ်ငန်း၊ ကုန်းပြင်မြင့်ထူးခြားချက် လက္ခဏာပါ လယ်ယာထွက်ကုန်များ၏ နက်ရှိုင်းသောအချောကိုင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အလားအလာနှင့် လိုက်ဖက်ကိုက်ညီနေပါသည်။