တရုတ်နိုင်ငံ ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံ ရန်ကုန်နှင့်မန္တလေးသို့ စုစုပေါင်းတန်ဖိုး တရုတ်ငွေယွမ် ၈ သန်း ရှိ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် လှူဒါန်းပေးအပ်ခဲ့ရာ မြန်မာနိုင်ငံကိုယ်စား ကူမင်းမြို့အခြေစိုက် မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော် က တက်ရောက်လက်ခံခဲ့ပါသည်။
အဆိုပါလှူဒါန်းမှုတွင် N95 နှာခေါင်းစည်း ၄.၆ သောင်း၊ ကာကွယ်ရေးမျက်မှန် ၃ သောင်း၊ ကာကွယ် ရေးဝတ်စုံ ၃ သောင်းနှင့် အသက်ရှူစက်ကိရိယာ (ventilator) ၁၀ စုံ ပါဝင်သည်။
လှူဒါန်းလွှဲပြောင်းခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးပစ္စည်းများ တင်ဆောင်ထားသော ကုန်တင် ယာဉ် ၆ စီးသည် ရန်ကုန်နှင့်မန္တလေးသို့ မောင်းနှင်ထွက်ခွါခဲ့ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့ နှင့် ၁၆ ရက်နေ့ တို့တွင် မန္တလေးနှင့်ရန်ကုန်သို့ အသီးသီးရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားသည်။ ယာဉ်အဖွဲ့ မထွက်ခွါမီ ယူနန်ပြည်နယ်သည် ကားဆရာများအား nucleic acid ဓာတ်ခွဲစစ်ဆေးပေးသကဲ့သို့ ကာကွယ်ရေး ပစ္စည်းများနှင့် မော်တော်ယာဉ်များကိုလည်း ပိုးသတ်ပေးခဲ့ကြောင်း သိရသည်။