ဒေသဆိုင်ရာ ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှု သဘောတူညီချက်(RCEP) လက်မှတ်ရေးထိုးခြင်းသည် ဘက်ပေါင်းစုံဝါဒနှင့် လွတ်လပ်သော ကုန်သွယ်ရေး၏ အောင်မြင်မှုဖြစ်သည်ဟု ဆို

2020-11-16 15:47:22 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် စတုတ္ထအကြိမ်မြောက် ဒေသဆိုင်ရာ ဘက်စုံ စီးပွားရေး မိတ်ဖက်ဆက်ဆံမှု သဘောတူညီချက်(RCEP) ခေါင်းဆောင်များအစည်းအဝေးသို့ နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ဒေသဆိုင်ရာ ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှု သဘောတူညီချက် (RCEP) လက်မှတ်ရေးထိုးမှုကို နိုင်ငံပေါင်း (၁၅) နိုင်ငံ၏ ခေါင်းဆောင်များ အတူ သက်သေပြုကြကြောင်း၊ ကမ္ဘာတွင် ပါဝင်သည့်လူဦးရေအများဆုံး၊ အဖွဲ့တည်ဆောက်မှုပုံစံ အခင်းအကျင်း အစုံလင်ဆုံး ၊ ဖွံ့ဖြိုးတိုးတက်ရေးအလားအလာ အကြီးဆုံး လွတ်လပ်သော ကုန်သွယ်ရေးဇုန်ဖြစ်ကြောင်း၊ ၎င်းမှာ အရှေ့အာရှဒေသ ပူးပေါင်းဆောင်ရွက်ခြင်း၏ အမှတ်လက္ခဏာ အောင်မြင်မှုရလဒ်ဖြစ်သလို ဘက်ပေါင်းစုံဝါဒနှင့် လွတ်လပ်သော ကုန်သွယ်ရေး၏ အောင်မြင်မှုပင်ဖြစ်ရာ ဒေသဖွံ့ဖြိုးတိုးတက်ရေး၏ မလွဲမသွေ တွန်းအားသစ်၊ ကမ္ဘာ့စီးပွားရေး ပြန်လည်တိုးတက်လာစေရန် အကောင်အထည်ဖော်မည့် အားအင်သစ်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က အစည်းအဝေးတွင် ပြောကြားခဲ့သည်။

လက်ရှိနိုင်ငံတကာအခြေအနေတွင် ၈ နှစ်ကြာ ဆွေးနွေးညှိနှိုင်းပြီးနောက် အောင်မြင်စွာ သဘောတူလက်မှတ်ရေးထိုး နိုင်ခဲ့သည့် RCEPသည် အများအတွက် အုပ်ဆိုင်းနေသော မြူမှိုင်းများကိုခွင်း၍ မျှော်လင့်ချက်အလင်းရောင်တန်းခြင်းဖြစ်ရာ ဘက်ပေါင်းစုံဝါဒနှင့် လွတ်လပ်သော ကုန်သွယ်ရေးသည် မှန်ကန်သော လမ်းစဉ်၊ ကမ္ဘာ့စီးပွားရေးနှင့် လူသားမျိုးနွယ်တို့၏ ရှေ့တိုးဆောင်ရွက်ရမည့် မှန်ကန်သည့်လမ်းစဉ်ဖြစ်သည်ကို ကိုယ်စားပြုဆဲဖြစ်ကြောင်း ဆိုသည်။

စိန်ခေါ်မှုများရှေ့မှောက်တွင် လူအများက စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းကို ရွေးချယ်ကြပြီး ပဋိပက္ခနှင့်ထိပ်တိုက်ရင်ဆိုင်မှုများကို မရွေးချယ်ခြင်း၊ အပြန်အလှန်ဖေးမကူညီစောင့်ရှောက်ကာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားရန် ရွေးချယ်ကြပြီး မိမိအကျိုးစီးပွားအတွက် အခြားသူအား ဒုက္ခရောက်အောင်လုပ်ဆောင်ခြင်း ၊တစ်ဖက်ကမ်းက မီးဘေးကို လက်ပိုက်ကြည့်နေခြင်းကို ရှောင်ရှားကြခြင်းသည် တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံအသီးသီး၏ ဘုံအကျိုးစီးပွားကို အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် မဖြစ်မနေ လျှောက်လှမ်းရမည့် လမ်းစဉ်ဖြစ်သည်ကို ကမ္ဘာအား ပြသနေခြင်းဖြစ်ကြောင်း လီခဲ့ချန်က ပြောကြားခဲ့သည်။

ရှေ့ဆက်ရမည့်လမ်းသည် ညီညာဖြောင့်ဖြူးလေ့မရှိသော်လည်း မိမိတို့၏ ခိုင်မာသည့် ယုံကြည်ချက်၊ လက်တွဲပူးပေါင်းဆောင်ရွက်မှုများသာရှိလျှင် အရှေ့အာရှဒေသတွင်သာမက လူသားမျိုးနွယ်တစ်ခုလုံး၏ ပို၍လှပသည့်အနာဂတ်ကို မလွဲမသွေဖန်တီးနိုင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က အစည်းအဝေးတွင် ပြောကြားခဲ့သည်။ (Xinhua)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006