နိုဝင်ဘာလ ၂၆ ရက်နေ့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းသည် လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရန်ကုန်တိုင်းဒေသကြီးသို့ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။
လာအိုကျန်းမာရေးဌာနသို့ နယ်လှည့် ဆေးကုသယာဉ် (circuit hospital car) တစ်စီးနှင့် nucleic acid ဓာတ်ခွဲစစ်ဆေးဓာတ်ကူပစ္စည်းများကို လှူဒါန်းခဲ့သကဲ့သို့ မြန်မာနိုင်ငံရန်ကုန်တိုင်းဒေသကြီးသို့ ဆေးကုသယာဉ် (circuit hospital car) တစ်စီးနှင့် ventilator တစ်လုံးကို လှူဒါန်းခဲ့ကြောင်း သတင်းအရ သိရပါသည်။
ကူမင်းမြို့အခြေစိုက် လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ်တို့သည် အဆိုပါကပ်ရောဂါကာကွယ် ထိန်းချုပ်ရေးပစ္စည်းများ လွှဲပြောင်းခြင်းအခမ်းအနားကို အသီးသီးတက်ရောက်ခဲ့ကြပြီး မိမိနိုင်ငံ ကိုယ်စားပြုကာ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများကို လက်ခံခဲ့ကြောင်း သတင်းအရ သိရပါသည်။