တရုတ်-တောင်အာရှကုန်စည်ပြပွဲ ကျင်းပမည်၊ “တရုတ်-တောင်အာရှ အွန်လိုင်းကုန်စည်ပြပွဲ” သိမှတ် ဖွယ်ရာများ

2020-12-01 16:25:15 |သတင်းအရင်းအမြစ် 云桥网

ယခုနှစ်ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ၊ ယူနန်ပြည်နယ်သည် အွန်လိုင်းမှတစ်ဆင့် တရုတ်-တောင်အာရှကုန်စည်ပြပွဲကို ကျင်းပမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယခုနှစ် ဇွန်လတွင် ကူမင်းမြို့၌ ကျင်းပမည့် (၆)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၆) ကြိမ်မြောက် တရုတ်နိုင်ငံကူမင်း သွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲကို သက်ဆိုင်ရာအလုပ်အမှုဆောင်ကော်မတီမှ ဖျက်သိမ်းခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် တရုတ်-တောင်အာရှအွန်လိုင်းကုန်စည်ပြပွဲဖြင့် အစားထိုးကျင်းပမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

တရုတ်-တောင်အာရှ အွန်လိုင်းကုန်စည်ပြပွဲသည် ယူနန်ပြည်နယ်နှင့် JD.COM တို့ပူးတွဲဖန်တီးထားသည့် ဒီဂျစ်တယ်ပလက်ဖောင်းဖြင့် ကုန်စည်ပြပွဲ၏တောင်အာရှပြခန်း၊ အရှေ့တောင်အာရှပြခန်း၊ ပြည်ပပြခန်း၊ ယူနန်ပြည်နယ်၏ ပြည်နယ်ခွဲအသီးသီးပြခန်း စသည့်ခင်းကျင်းပြသရာပြခန်းများကို စီစဉ်ထားသည်။

ယခုလက်ရှိတွင် အဆိုပါဒီဂျစ်တယ်ပလက်ဖောင်းသည် တရားဝင်မှတ်ပုံတင်ခြင်းကို စတင်လက်ခံနေပြီ ဖြစ်သည်။ တရုတ်-တောင်အာရှကုန်စည်ပြပွဲ၏ တရားဝင်အွန်လိုင်းစာမျက်နှာနှင့် App တို့တွင် 2D ပုံစံပြသခြင်း၊ စီမံကိန်းများထုတ်ပြန်ခြင်း၊ သက်ဆိုင်ရာအစည်းအဝေးများကျင်းပခြင်း၊ နှီးနှောဖလှယ် ခြင်း၊ သဘောတူစာချုပ်ချုပ်ဆိုခြင်း၊ အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်ခြင်း စသည်တို့ကို စီစဉ်ဆောင်ရွက် ပြီးစီးနေပြီ ဖြစ်သည်။

ယခုအကြိမ် တရုတ်-တောင်အာရှအွန်လိုင်းကုန်စည်ပြပွဲတွင် ပါဝင်တက်ရောက်မည့် ကုမ္ပဏီ လုပ်ငန်းရှင်များအတွက် မည်ကဲ့သို့သော ဦးစားပေးအကျိုး ခံစားနိုင်မည်ကို အတူတကွ လေ့လာကြစို့။

၁။ ပါဝင်တက်ရောက်မည့် ကုမ္ပဏီလုပ်ငန်းရှင်များအားလုံးအတွက် အွန်လိုင်း ပြခန်းများကို အခမဲ့ စီစဉ်ပေးမည်။

၂။ ပါဝင်တက်ရောက်မည့်ကုမ္ပဏီလုပ်ငန်းရှင်များအားလုံးသည် ကျင်းရှီပလက်ဖောင်း (JD.COM အောက်ရှိ အီးကော်မာ့စ်ပလက်ဖောင်း)တွင် ဆိုင်ဖွင့်လိုပါက အခမဲ့ကဲ့သို့သော အထူးလျော့ဈေး ဦးစားပေးမှုကို ခံစားနိုင်သည်။

၃။ ပါဝင်တက်ရောက်မည့်ကုမ္ပဏီလုပ်ငန်းရှင်များအားလုံးသည် JD.COM တွင် ဆိုင်ဖွင့်ပါက အစိမ်း ရောင်လမ်းကြောင်းဖြင့် သီးခြားအကြံဉာဏ်ပေးခြင်းကို ခံစားနိုင်သည်။

၎၊ JD.COM ကုန်စည်သယ်ယူပို့ဆောင်ရေးအဖွဲ့သည် ပါဝင်တက်ရောက်မည့် ကုမ္ပဏီလုပ်ငန်းရှင်များ အားလုံးအတွက် ကုန်စည်သယ်ယူပို့ဆောင်မှုကို အထူးထောက်ပံ့ပေးခြင်း ခံစားနိုင်သည်။

၅၊ JD.COM သည် Double 12 ဈေးရောင်းပွဲနှင့်ပူးတွဲပြီး ပါဝင်တက်ရောက်မည့် ကုမ္ပဏီလုပ်ငန်းရှင် များအတွက် အရောင်းမြှင့်တင်ရေးအထူးအစီအစဉ်များကို ဆောင်ရွက်ပေးမည်။

တရုတ်-တောင်အာရှအွန်လိုင်းကုန်စည်ပြပွဲသို့ မည်သို့ ပါဝင်ရမည်နည်း။

ယခုအကြိမ်အွန်လိုင်းကုန်စည်ပြပွဲသည် တစ်ကမ္ဘာလုံးရှိ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် ပရိသတ်များ အားလုံး ပါဝင်နိုင်ပါသည်။

မှတ်ပုံတင်ခြင်းနည်းလမ်းများ--
ပထမတစ်ခုမှာ တရုတ်-တောင်အာရှကုန်စည်ပြပွဲ၏ တရားဝင်အွန်လိုင်းစာမျက်နှာ www.csa-expo.com သို့ ဝင်ရောက်ပြီး လျှောက်လွှာဖြည့်စွက်ကာ မှတ်ပုံတင်နိုင်သည်။ ထို့ပြင်၊ တရုတ်-တောင်အာရှကုန်စည်ပြပွဲ၏ App နှင့် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် ကူမင်းသွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲ wechat အကောင့်မှတစ်ဆင့် မှတ်ပုံတင်ပြီး ကုန်စည်ပြပွဲသို့ တက်ရောက်နိုင်ပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006