အွန်လိုင်းမှတစ်ဆင့် မြန်မာနိုင်ငံကိုအတူတကွ လည်ပတ်လေ့လာရန် ကူမင်းမြို့အခြေစိုက် မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ဖိတ်ကြား

2020-12-18 10:59:24 |သတင်းအရင်းအမြစ် 云桥网

“ဒီနေရာကရန်ကုန်ရွှေတိဂုံစေတီတော် ဖြစ်ပါတယ်။”

“ဒီနေရာကငပလီပင်လယ်ကမ်းခြေဖြစ်ပါတယ်။ ကြည့်ပါဦး .. ကြည်လင်တဲ့ရေ၊ သန့်ရှင်းတဲ့သဲသောင်ပြင်နဲ့ အရမ်းလှပနေတယ်။”

ယခုရက်ပိုင်းကာလတွင် တရုတ်-တောင်အာရှကုန်စည်ပြပွဲအွန်လိုင်းပြပွဲကျင်းပရာကူမင်းမြို့အခြေစိုက် မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး(အောက်တွင် “ကောင်စစ်ဝန်ချုပ်ရုံး”ဖြင့် အတိုချုံးရေးသားမည်)၏ တိုက်ရိုက်ထုတ်လွှင့်ခြင်းအစီအစဉ်ကိုကူမင်းမြို့ တျိန်းချီအပြည်ပြည် ဆိုင်ရာကွန်ဗျင်းရှင်းစင်တာရှိ မြန်မာနိုင်ငံပြခန်း၌ ထုတ်လွှင့်ကျင်းပခဲ့သည်။ ကူမင်းမြို့အခြေစိုက် မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် ဦးထွန်အောင်ကျော်၊ စီးပွားရေးသံမှူးဒေါက်တာဝေရီလင်းတို့သည် မြန်မာ့ရိုးရာဝတ်စုံဝတ်ဆင်ထားပြီး မြန်မာ့အလှကိုမိတ်ဆက်ပြသခဲ့ပါသည်။

“မြန်မာနိုင်ငံမှာအရမ်းလှပတဲ့ ရှုခင်းသာနေရာတွေ အများကြီးရှိသလိုထူးခြားချက်လက္ခဏာပါတဲ့ ယဉ်ကျေးမှုလည်းများပြားလှပါတယ်။ ဥပမာအနေနဲ့ပြောရရင် ကျွန်တော်တို့မြန်မာနိုင်ငံကရှမ်းပြည်နယ် အင်းလေးဒေသမှာလှပတဲ့ရှုခင်းတွေကိုခံစားနိုင်တဲ့အပြင်၊ ထူးခြားတဲ့ ကြာချည်ဖြင့် အထည်ရက်လုပ်ခြင်းပညာကိုလေ့လာနိုင်တယ်။ ကျွန်တော်တို့မှာတရုတ်နိုင်ငံလိုပဲလက်ဖက် ယဉ်ကျေးမှု ရှိပါတယ်။ မတူခြားနားတာကတရုတ်နိုင်ငံမှာလက်ဖက်ရည်အဖြစ် သောက်သုံးလေ့ ရှိတယ်။ ကျွန်တော်တို့ကတော့ သုတ်စားလေ့ရှိတယ်။ မိတ်ဆွေသူငယ်ချင်းတွေကို ကျွန်တော်တို့နိုင်ငံကိုပိုမိုသိရှိစေဖို့ မျှော်လင့်ပါတယ်။” ဟုဦးထွန်းအောင်ကျော်ကမိတ်ဆက်ပေးခဲ့သည်။ မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် သူသည် မိခင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအတွက် များစွာဂုဏ်ယူနေပါသည်။ ဒေါက်တာဝေရီလင်းသည် ပရိသတ်များအား QR code ကိုမိတ်ဆက်ပြသပေးခဲ့ပြီး scan ဖတ်ခြင်းမှတစ်ဆင့် ပိုမိုများပြားသည့် မြန်မာ့ရှုခင်းသာနေရာများကိုလေ့လာနိုင်ခဲ့ကြသည်။

ယခုအကြိမ်“အွန်လိုင်းပြပွဲ”ကိုပါဝင်ပြသရန် ကောင်စစ်ဝန်ချုပ်ရုံးသည် သေချာကောင်းမွန်စွာ ကြိုတင် ပြင်ဆင်ခဲ့ပါသည်။ “ကျွန်တော်တို့ကဗီဒီယိုကတစ်ဆင့် ပရိသတ်တွေကိုမိတ်ဆက်ပြသတာတွေက မြန်မာနိုင်ငံရဲ့ ထူးခြားချက်လက္ခဏာအရှိဆုံးနေရာတွေဖြစ်တယ်။ တရုတ်ပရိသတ်တွေက ကျွန်တော်တို့ မြန်မာနိုင်ငံကိုပိုမိုအဆင်ပြေသိရှိနိုင်ဖို့ ဗီဒီယိုမှာတရုတ်စာတမ်းထိုးထားပါတယ်။” ဟုဦးထွန်းအောင်ကျော်ကပြောကြားသည်။ “ကိုဗစ်-၁၉ က ကုန်သွယ်စီးပွားပုံစံတွေကိုပြောင်းလဲစေခဲ့ပါတယ်။ အွန်လိုင်းပြပွဲကကပ်ရောဂါထိန်းချုပ်ရေးစနစ်နဲ့ ကိုက်ညီမှုရှိတယ်။ ဒါ့အပြင်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက်လည်းပလက်ဖောင်းကောင်းတစ်ခုတည်ဆောက်ပေးပါတယ်။ မြန်မာနိုင်ငံကတောင်အာရှ ကုန်စည်ပြပွဲမှာအမြဲပါဝင်ပြသခဲ့ပါတယ်။ ယခုအကြိမ်အွန်လိုင်းပြပွဲကတိုက်ရိုက်ထုတ်လွှင့်တဲ့ အစီအစဉ်ကတစ်ဆင့် မြန်မာနိုင်ငံကိုပိုမိုသိရှိစေနိုင်တယ်။ မြန်မာနိုင်ငံရဲ့ ခရီးသွားလာရေး၊ လယ်ယာထွက်ကုန်နဲ့ ရေထွက်ကုန်တို့ကိုပရိသတ်တွေနဲ့အတူ မျှဝေနိုင်ဖို့ မျှော်လင့်ပါတယ်”ဟုဦးထွန်းအောင်ကျော်က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ပိန္နဲသီး ၊ သရက်သီး၊ နာနတ်သီးစသည့် မြန်မာနိုင်ငံထွက်သစ်သီးများနှင့် ဘီယာ၊ အစားအသောက် စသည်တို့ကိုတိုက်ရိုက်ထုတ်လွှင့်အစီအစဉ်နှင့်အတူ ပြခန်းတွင် ပြသခဲ့ပါသည်။ ယူနန် Zhi Li Fang လုပ်ငန်းရှင်များစီမံခန့်ခွဲရေးကုမ္ပဏီသည် ယခုအကြိမ်မြန်မာနိုင်ငံပြခန်း၏ ခင်းကျင်းပြသမှု တာဝန်ခံ ဖြစ်သည်။ “ပြခန်းမှာ ပြသတဲ့ပစ္စည်းကအမျိုး ၃၀ ကျော်ရှိပါတယ်။ သစ်သီးတွေအားလုံးကမြန်မာနိုင်ငံကနေလတ်တလောရောက်ရှိလာတာဖြစ်တယ်။ တော်တော်လတ်ဆတ်ပါတယ်။ အခြားပြသတဲ့ အစားအစာတွေကိုလည်းတရုတ်စားသုံးသူတွေကတော်တော်သဘောကျတယ်” ဟု ၎င်းကုမ္ပဏီ၏ တာဝန်ခံတစ်ဦးကဆိုသည်။ “ကပ်ရောဂါရဲ့ထိခိုက်မှုကြောင့် တစ်ချို့သောကုန်ပစ္စည်းတွေကလမ်းမှာပဲရှိနေသေးတယ်။ လာမယ့်ရက်အနည်းငယ်မှာကုန်စည်အသစ်တွေကလည်း ပြသဖို့ ရောက်လာပါဦးမယ်”ဟုဆက်လက်ပြောဆိုခဲ့သည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006