ကမောဒီးယားနိုင်ငံဘုန်စီပြည်ပြည်နယ် ဇာဘမုန်မြို့ရှိ Ploy Green Land (PGL)ကုမဏီ၏ စားသောက်ကုန်ချောထုတ်စက်ရုံတွင် အထွေထွေ မန်နေဂျာသည် အလုပ်များနေသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အွန်လိုင်းဖြင့် ကျင်းပမည့် ကုန်စည်ပြပွဲ၌ ပြသမည့်ကုန်စည်များကိုရှင်းလင်းပြင်ဆင်နေခြင်းဖြစ်သည်။ သူသည် ဤ အကြိမ် အွန်လိုင်း၌ ကျင်းပမည့် ကုန်စည်ပြပွဲကိုအလွန်အလေးထားသည်။
ကမောဒီးယား PGL ကုမဏီသည် ၂၀၁၇ ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီးလယ်ယာထွက်ကုန် ကုန်ချောထုတ်လုပ်မှုနှင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကိုအဓိကလုပ်ဆောင်သည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအတွက် ခေတ်မီလယ်ယာစိုက်ပျိုးရေး၊ အိမ်ခြံမြေရောင်းဝယ်ခြင်း၊ ငှားရမ်းခြင်းနှင့် အခြေခံအဆောက်အအုံအစရှိသည်တို့နှင့်ပတ်သက်သည့် စုံစမ်းမေးမြန်းမှုနှင့် ဝန်ဆောင်မှုဆောင်ရွက်ပေးသည်။ ကုမဏီဦးဆောင်သူအနေဖြင့် ချင့်စာမူလင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၏ အရောင်းမြှင့်တင်ရေးနှင့် ဖြန့်ချိရေးကိုကုမဏီ၏ ဖွံ့ဖြိုးတိုးတက်ရေး၌ အရေးပါသောကဏ္ဍတွင် ထားရှိပါသည်။
“ကူမင်းက ကျွန်တော့်အတွက် မင်္ဂလာရှိတဲ့ ကံကောင်းသည့်နေရာတစ်ခုဖြစ်တယ်။ ကျွန်တော်အနေနဲ့ တောင်အရှ ကုန်စည်ပြပွဲကနေကံကောင်းခြင်းများစွာရရှိနိုင်မှာပါ။” ၂၀၁၈ ခုနှစ် ဇွန်လတွင် ချင်.စာမူလင် သည် ကူမင်းမြို့သို့ ရောက်ရှိခဲ့ပြီးတောင်အရှကုန်စည်ပြပွဲနှင့် ကူမင်းသွင်းကုန် ထွက်ကုန်ကုန်သွယ်ရေးပြပွဲကိုပထမအကြိမ်အဖြစ် ပါဝင်တက်ရောက်ခဲ့ သည်။ ပြပွဲမပြီးသေးမီမှာပင် သယ်ဆောင်လာသည့် ကုန်စည်များအားလုံးရောင်းကုန်သွားသည့်အတွက် ချင်.စာမူလင်သည် မိမိကုမဏီမှ ထုတ်လုပ် သည့်ကုန်စည်များတရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် ယုံကြည်စိတ်သည် ပိုမိုဖြစ်ပေ လာသည်။ ထိုမျှမကသေးပေ၊ တောင်အရှကုန်စည်ပြပွဲမှတစ်ဆင့် သူသည် ရှမ်ဟိုင်းအလှံရင်းနှီးမြှုပ်နှံမှုဆိုင်ရာစီမံခန့်ခွဲမှု ကုမဏီလီမိတက်မှ တာဝန်ရှိသူများနှင့်လည်းတွေ့ဆုံမိတ်ဖွဲ့ခဲ့သည်။ သူတို့နှင့် အဆက်မပြတ်ဆက်သွယ် ဖလှယ်ပြီး နှစ်ဦးနှစ်ဖက်တို့သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ကူမင်း၌ ကျင်းပခဲ့သည့် တရုတ်-ကမောဒီးယားရင်းနှီးမြှုပ်နှံမှု ညှိနိုင်းဆွေးနွေးပွဲတွင် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်စာချုပ်ကို ချုပ်ဆိုခဲ့သည်။ ကိုဗစ်-၁၉ ရောဂါ ကြောင့် ယခုနှစ်ကျင်းပသည့် ကုန်စည်ပြပွဲကိုတက်ရောက်ခွင့်မရနိုင်တော့ဟုမူလကထင်ခဲ့သော်လည်းအွန်လိုင်းဖြင့် ကျင်းပမည့်ကုန်စည်ပြပွဲမှ ဖိတ်ကြားစာကိုလက်ခံရရှိပြီးနောက် ချင်.စာမူလင်သည် အံဩပြီး ပြပွဲတွင်ပါဝင်ရန် မျှော်လင့်နေသည်။
ပြပွဲမှတဆင့် ပို၍များပြားသည့် တရုတ်မှစားသုံးသူသည် ကမောဒီးယားမှ အရည်အသွေးကောင်းမွန်သောလယ်ယာထွက်ကုန်ကိုသိရှိနိုင်ပြီးပိုများသည့် တရုတ်ကုမဏီကိုဆွဲဆောင်ကာပူးပေါင်းဆောင်ရွက်မှုညှိနိုင်းဆွေးနွေးရန် မျှော်လင့်ထားသည်။ ချင်.စာမူလင်သည် ဤအကြိမ် အွန်လိုင်းဖြင့် ကျင်းပမည့်ကုန်စည်ပြပွဲကိုတိကျမှန်ကန်သောရည်ရွယ်ချက် ထားရှိပါသည်။ PGL ကုမဏီသည် ရှမ်ဟိုင်းမြို့နှင့် ကူမင်းမြို့တွင် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆက်သွယ်ရေးစခန်းများကိုဖွဲစည်းဖွင့်လှစ်ခဲ့သည်။ လာမည့် အနာဂတ်ကာလတွင် ကုမဏီသည် တရုတ်(ယူနန်) လွတ်လပ်သောကုန်သွယ် ရေးရှေ့ပြေးဇုန်(ကူမင်းဇုန်)တွင် အခြေစိုက်ရန်အတွက် လျှောက်ထားရန် ပြင်ဆင်နေသည်။ ၎င်းတို့သည် ကုမဏီအတွက် ပေလစီသက်သာခွင့်နှင့် အကောက်အခွန် ကင်းလွတ်ခွင့်များကိုပေးနိုင်၍ တစ်ချိန်တည်းတွင် ပိုများသည့် နယ်စပ်ဖြတ်ကျော်ကုမဏီနှင့် လူကောင်းလူမွန်များထံရောက်ရှိရန် အကူအညီပေးနိုင်ကြောင်း၊ အဆိုပါအချက်များသည် ကုမ္ပဏီမှ အဓိကလိုအပ် ချက်များဖြစ်ကြောင်းပြောသည်။ ထိုအချက်များသည် တောင်အရှ ကုန်စည် ပြပွဲမှ ဖြစ်ပေလာသည့် အခွင့်အလမ်းဖြစ် ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါပြီးသွားပြီးနောက် ကျွန်တော်သည် ယူနန်ကိုသွားရောက်ကာတောင်အရှကုန်စည် ပြပွဲကိုဆက်လက်ပါဝင်လိုကြောင်းချင်.စာမူလင်ကပြောသည်။