၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် “ကိုဗစ်-၁၉ ကပ်ရောဂါကာလ၌ လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တာဝန်ယူမှု”ဟူသော အဓိကခေါင်းစဉ်ဖြင့် တရုတ်-မြန်မာ လူငယ်များ ဆန်းသစ်တီထွင်မှုနှင့် စီးပွားရေးစွမ်းဆောင်မှုအွန်လိုင်းဖိုရမ်ကို ကျင်းပခဲ့ပါသည်။
၎င်းဖိုရမ်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်လူငယ်ပူးတွဲအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးတို့ အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး တရုတ်နှင့်မြန်မာနှစ်နိုင်ငံမှ ဒီဂျစ်တယ်စီးပွားရေး၊ လယ်ယာစိုက်ပျိုးရေး၊ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေး၊ မီဒီယာအဖွဲ့ စသည့်ဌာနတို့မှ လူငယ်လုပ်ငန်းရှင်နှင့် စွန့်ဦးတီထွင်သူ စုစုပေါင်း ၆၀ ကျော်သည် အွန်လိုင်း မှတစ်ဆင့် ပါဝင်တက်ရောက်ခဲ့ကြကာ လယ်ယာစိုက်ပျိုးရေး၊ နည်းပညာ စသည့်ကဏ္ဍ များ၏ နည်းပညာနှင့်အတွေ့အကြုံများကို အပြန်အလှန် ဖလှယ်ခဲ့ကြသည်။
(Yunnan Gateway)