သတင်းကောင်း၊ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ဖြန့်ချိပြီးတရုတ်ပြည်သူ ပြည်သားများအားလုံးကိုအခမဲ့ထိုးနှံပေးမည်

2020-12-31 17:31:09 |သတင်းအရင်းအမြစ် 人民日报、新华网(综合)

ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီသည် ကိုဗစ်-၁၉ ကပ်ရောဂါ ပူးတွဲကာကွယ် ထိန်းချုပ်ရေးစနစ်ဆိုင်ရာသတင်းစာရှင်းလင်းပွဲကိုကျင်းပပြီးကိုဗစ်-၁၉ ကာကွယ်ဆေးဆိုင်ရာအကြောင်းအရာကိုထုတ်ပြန်ကြေညာခဲ့ပါသည်။

China National Pharmaceutical Group Corporation (Sinopharm)မှ သုတေသနပြုပြီးတီထွင် ထုတ်လုပ်သောတရုတ်ဇီဝအစွမ်းပြယ်ကာကွယ်ဆေး (inactivated vaccines)သည် တရုတ်နိုင်ငံအမျိုးသားဆေးဝါးကြီးကြပ်အုပ်ချုပ်ရေးဌာနမှ ခွင့်ပြုချက်ရရှိပြီးဖြစ်ကာဈေးကွက်သို့ ဖြန့်ချိလိုက် ပြီဖြစ်ကြောင်းသတင်းအရသိရပါသည်။ Sinopharmမှထုတ်လုပ်သည့် အစွမ်းပြယ်ကာကွယ်ဆေးသည် ရောဂါပိုးတားဆီးနှုန်း ၇၉.၃၄% အထိရှိပြီးလုံခြုံခြင်း၊ ကာကွယ်နိုင်ခြင်း၊ သာမန်ပြည်သူလက်ခံနိုင်သည့် ဈေးနှုန်းဖြစ်ခြင်းစသည့်ထူးခြားချက်များရှိပါသည်။ အဆိုပါကာကွယ်ဆေးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization)နှင့် တရုတ်နိုင်ငံအမျိုးသားဆေးဝါး ကြီးကြပ်အုပ်ချုပ်ရေးဌာနတို့၏ သတ်မှတ်စံချိန်စံညွန်းများနှင့် ကိုက်ညီပါသည်။ ထို့အတူကာကွယ်ဆေး၏ ခံနိုင်ရည်နှင့် ကာကွယ်မှုအကျိုးသက်ရောက်မှုမှာစဉ်ဆက်မပြတ် စောင့်ကြည့်သုံးသပ် ရန် လိုအပ်ပါသည်။ “ကိုဗစ်-၁၉ ကာကွယ်ဆေးကိုတရုတ်ပြည်သူပြည်သားအားလုံးအတွက် အခမဲ့ ထိုးနှံပေးမှာကိုအတည်ပြုပါတယ်”ဟုတရုတ်နိုင်ငံ နိုင်ငံတော်ကျန်းမာရေးကောင်စီတာဝန်ခံအရာရှိကျင်းယိရှင်း (Zeng Yixin) သည် ပြောကြားခဲ့ပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006