(၃၅)နှစ်နောက်ကျခဲ့သော မင်္ဂလာဆောင်ဓာတ်ပုံ

2021-01-28 18:52:29 |သတင်းအရင်းအမြစ် 新华网

ကျမ်းစီပြည်နယ် ကျီလင်မြို့ ဟိန်ကျမ်းရွာသည် ယခင်တုန်းက ဆင်းရဲနွမ်းပါးမှုပပျောက်အောင် ကူညီဆောင်ရွက်ပေးရန် အစိုးရကသေချာမှာကြားထားသော ဆင်းရဲနွမ်းပါးရွာ ဖြစ်သည်။ (၂၀၂၁)ခုနှစ် တရုတ်နှစ်သစ်ကူး အချိန်သမယ ရောက်ရှိလာတော့မည့်အချိန်တွင် ဆင်းရဲနွမ်းပါးမူပပျောက်ရေးတွင် ပါဝင်သောပြည်သူလူထုအတွက် ထူးခြားသောမင်္ဂလာနုတ်ခွန်းဆက်စကားပါးစေရန်အလို့ငှာ ဒေသအစိုးရက ဓာတ်ပုံဆရာများကို ဖိတ်ကြားပြီး မင်္ဂလာဆောင်ဓာတ်ပုံ လုံးဝမရိုက်ကူးဖူးသော စုံတွဲ(၂၀)ကို အစားထိုးမင်္ဂလာဆောင်ဓာတ်ပုံ အခမဲ့ရိုက်ကူးပေးရန် စီစဉ်နေပေသည်။ မင်္ဂလာဆောင်သက်တမ်း(၃၅)နှစ်ရှိပြီဖြစ်သော လျှိုရိမ်ရှမ်နှင့် လိုက်ကျိလျင်တို့စုံတွဲသည် (၃၅)နှစ်နောက်ကျပြီးမှ ရိုက်ကူးရသည့် မင်္ဂလာဆောင်ဓာတ်ပုံအတွက် စိတ်ထဲတွင် အလွန်ဝမ်းသာနေမိပါသည်။