နှစ်စဉ်ရောင်းအား တရုတ်ယွမ် သန်း ၁၀၀ ကျော် ရရှိသည့် ပုလဲရောင်းချသူအမျိုးသမီး လင်ရိခွန်း

2021-03-03 16:50:26 |သတင်းအရင်းအမြစ် 新华网

တရုတ်အမျိုးသမီး လင်ရိခွန်းသည် ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်း မွေးဖွားသူတစ်ဦးဖြစ်ပြီး ကျက်ကျန်းပြည်နယ် ကျိုးကြည့်မြို့ စန်းရှဟိုမြို့နယ်တွင် ပုလဲမွေးမြူခြင်းနှင့် လက်ကားရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ပါသည်။ သူမသည် ပုလဲရွေးချယ်ခြင်း၊ ပုလဲအလှဆင်ပစ္စည်းဒီဇိုင်းရေးဆွဲခြင်း၊ ကုန်ချောထုတ်လုပ်ခြင်းမှ သယ်ယူ ပို့ဆောင်ခြင်းအထိ ကြိုးစားဆောင်ရွက်ခဲ့ပြီးနောက် အွန်လိုင်းပေါ်တွင် ကိုယ်ပိုင် ပုလဲအမှတ်တံဆိပ်ကို တဖြည်းဖြည်းချင်း ဖန်တီးနိုင်ခဲ့ပါသည်။ လင်ရိခွန်းသည် တရုတ်နိုင်ငံတော်ကျောက်မျက်ရတနာ စစ်ဆေးရေး ဗဟိုဌာန၏ အသိအမှတ်ပြု ပုလဲအရည်အသွေး အကဲဖြတ်ဆရာမလက်မှတ်ကို ရရှိထားသူဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါပျံ့နှံ့လာခြင်းကြောင့် လင်ရိခွန်းနှင့် သူ၏အမျိုးသားတို့အတူ အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်ခြင်းအဖွဲ့ကို ဖွဲ့စည်းခဲ့ကာ အွန်လိုင်းတွင် ပုလဲရောင်းခဲ့သည်။ ယခုအချိန်တွင် လင်ရိခွန်း၏ Taobao ပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်ခြင်း အစီအစဥ်သည် နေ့တိုင်းပျမ်းမျှအားဖြင့် ကြည့်ရှုသူဦးရေ ၅ သောင်းကျော်ရှိပြီး နေ့စဥ်ပျမ်းမျှရောင်းရငွေသည် တရုတ်ငွေယွမ် ၄ သိန်းကျော် ရရှိပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် သူမ၏ အွန်လိုင်း ပုလဲရောင်းချရမှုပမာဏ စုစုပေါင်းသည် တရုတ်ယွမ်ငွေ သန်း ၁၀၀ အထက် ရောက်ရှိခဲ့သည်ဟု သိရပါသည်။ ( သတင်းရင်းမြစ် -ဆင်ဟွာသတင်းဌာန။ ဘာသာပြန် - Yunnan gateway)