သစ်တောကာကွယ်သူ လင်မယားသည် နှစ်ပေါင်း ၃၀ အတွင်း သစ်ပင်စိုက်ပျိုးခြင်းဖြင့် တောရိုင်းအား စိမ်းလန်းစိုပြေစေခဲ့

2021-03-12 18:36:05 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ရှယ့်ခရိုင်ရှိ နိုင်ငံတော်ပိုင်သစ်တော ဝါရှန်ကာကွယ်စောင့်ရှောက်ရေး စခန်းသည် တည်နေရာချောင်ကျဝေးလံပြီး နေထိုင်မှုပတ်ဝန်းကျင်လည်း မကောင်းလှပါ။ ယခုနှစ်တွင် အသက် ၅၂ နှစ်အရွယ်ရှိပြီဖြစ်သော ဟုန်ရှောင်ချွင်းနှင့်ဇနီးဖြစ်သူ ဟွမ်စူးဖျင် တို့သည် ၎င်းနေရာတွင် နှစ်ပေါင်း ၃၀ နှစ်ကျော် အလုပ်လုပ်ကိုင်ခဲ့သည်။ ကွင်းပြင်ဝန်းကျင်သို့ ကင်းလှည့်ခြင်းအပြင် သူတို့နှစ်ဦး သည် တစ်နှစ်ပတ်လုံး စွဲမြဲစွာ သစ်ပင်စိုက်ပျိုးနေကြသည်။ လွန်ခဲ့သောနှစ်ပေါင်း ၃၀ အတွင်း သူတို့နှစ်ဦး စိုက်ပျိုးထားသည့်သစ်ပင်များက ကြီးပင်းလာသည်နှင့်အမျှ သူတို့လည်း အိုမင်းလာသည်။ သို့သော် အချိန်နှင့်အမျှ သူတို့သည် ၎င်းသစ်တောအပေါ် ချစ်ခြင်းမေတ္တာသည်လည်း ပိုမိုနက်ရှိုင်းလာပါသည်။ “အဲဒီသစ်တောက ကျွန်တော်တို့ရဲ့ သားသမီးလိုပါပဲ၊ အသက်ထက်ဆုံး စောင့်ရှောက်သွားမှာပါ”ဟု သူတို့က ပြောခဲ့ပါသည်။

(သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan gateway)