လျံကျောက်မှန်သည် ယူနန်ပြည်နယ် ရွှေလီမြို့ရှိ အမှတ်(၁)အလယ်တန်းကျောင်းမှ သင်္ချာဆရာ တစ်ဦးဖြစ်ပြီး သူ၏ ဇနီးသည် ရွှေလီမြို့ ပြည်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦးဖြစ်ပါသည်။ ရွှေလီမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ထပ်မံဖြစ်ပွားပြီးနောက် ဆေးရုံ၌ အလုပ်များသောကြောင့် လျံကျောက်မှန်နှင့် ဇနီးတို့သည် သမီးကို စောင့်ရှောက်ရန် အချိန်အလုံအလောက်မရှိကြပေ။ အောက်တိုဘာလ ၁၈ ရက်နေ့မှစ၍ လျံကျောက်မှန် သင်ကြားပေးသည့် အတန်း ပြန်လည်စတင်ခဲ့သောကြောင့် သူ၏သမီးလေးကို ပြုစုစောင့်ရှောက်ရန် ပိတ်ထားသော စီမံခန့်ခွဲမှု သင်ကြားရေးနေရာသို့ ခေါ်ဆောင်လာခဲ့သည်။ နေ့စဉ်နေ့တိုင်း သမီးသည် ဖခင်နှင့်လိုက်ပြီး စာသင်ခန်းသို့ဝင်ခဲ့သည်။ အသက် ၄ နှစ်အောက် သူမသည် အိပ်ရာထ၊ စောင်ခေါက်ခြင်းနှင့် အဝတ်အစားများ ဝတ်တတ်ရန် မြန်မြန်ဆန်ဆန် သင်ယူတတ်မြောက်ခဲ့ပြီ ဖြစ်သည်။
“အတန်းပြန်စတော့ အလုပ်များတယ်။ ဒါပေမယ့် သမီးနဲ့အတူရှိနေလို့ အရမ်းနွေးထွေးပါတယ်” ဟု လျံကျောက်မှန်က ပြောကြားခဲ့သည်။