တရုတ်နိုင်ငံ စန်းသုံးပြည်နယ် ကျောင်ကျွမ်းမြို့တွင် ကြက်ရုပ်များဖြင့် နွေဦးရာသီစတင်ခြင်းရာသီစက်ကို ကြိုဆို

2021-02-02 17:33:55 |သတင်းအရင်းအမြစ် 新华网

တရုတ်ပြက္ခဒိန်အရ တစ်နှစ်ကို ရာသီစက် ၂၄ ခုရှိပြီး ၎င်းတို့အနက်မှတစ်ခုသည် နွေဦးရာသီစတင်ခြင်း ဖြစ်ပါသည်။ နွေဦးရာသီစတင်ခြင်းရာသီစက်ဆိုသည်မှာ နွေဦးရာသီစတင်ပြီး ရုက္ခပင်များ စတင်ရှင်သန် လာခြင်းဟု ဆိုလိုခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် နွေဦးရာသီစတင်ခြင်း ရာသီစက်ရောက်ချိန်အစသည် ဖေဖော်ဝါရီလ ၃ ရက်နေ့ဖြစ်ပြီး ယခုရက်ပိုင်းတွင် အဆိုပါရာသီစက်ကို ကြိုဆိုရန် တရုတ်အရှေ့ပိုင်း စန်းသုံးပြည်နယ် ကျောင်ကျွမ်းမြို့ စန်းထင်ရပ်ကွက်ရှိ လက်မှုပညာရှင်များသည် ဂွမ်းထည်နှင့်ရောင်စုံ ချည်များဖြင့် ချုပ်ထားသည့် ကြက်ရုပ်များကို ရောင်းနေကြသည်။ ၎င်းဒေသတွင် ကလေးများအား နွေဦးရာသီအစပိုင်းတွင် ကြက်ရုပ်များ ဝတ်ဆင်ထားပေးသည့် ဓလေ့ရှိပြီး ကလေးများသည် နှစ်သစ်တွင် ကျန်းမာချမ်းသာစေပြီး ကောင်းမွန်စွာ ရှင်သန်ကြီးပြင်းနိုင်မည်ဟူသော အဓိပ္ပာယ်ကို ဖော်ပြနေပါသည်။