ယခုနှစ်ပိုင်းတွင် ယူနန်ပြည်နယ် လီကျန်းမြို့၌ ဂေဟစနစ်ပြန်လည်ထူထောင်ရေးစီမံကိန်း များကြောင့် ဂေဟစနစ်အရင်းအမြစ်များ ပြန်လည်ကောင်းမွန်လာပြီး စိုစွတ်မြေဂေဟ စနစ်ပတ်ဝန်းကျင်များ ကောင်းမွန်လာသည်။ လီကျန်းမြို့ လရှီဟိုင် ကုန်းမြေမြင့် စိုစွတ်မြေ ပြည်နယ်အဆင့် ထိန်းသိမ်းရေး သဘာဝဘေးမဲ့တော၏ ဧရိယာမှာ (၆၅၀၀)ဟက်တာခန့်ရှိပြီး ရေနေသတ္တဝါများ ပေါများသည်။ သာလွန်သောရာသီဥတုအခြေအနေများနှင့် ကောင်းမွန်သော ဂေဟစနစ် ပတ်ဝန်းကျင်ကြောင့် ဆောင်းကူးရာသီချိန်တွင် ရွေ့ပြောင်းငှက်များစွာ လာရောက် နေထိုင်လျက်ရှိကြသည်။