ဟော်မုသည် တရုတ်နိုင်ငံ ရှင်းကျန်းဝေဖူလ်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တည်ရှိပြီး မိသားစု တစ်ရာကျော်သာရှိသော ရွာလေးတစ်ခုဖြစ်ကာ Altai တောင်တန်း၏ နက်ရှိုင်းရာနေရာတွင် ပုန်းကွယ်နေသည်။ ယင်းဒေသတွင် သစ်သားဖြင့်တည်ဆောက်ထားသော နေအိမ်များသည် ရောယှက် တည်ရှိနေသည်။ ဆောင်းရာသီတွင် Altai တောင်တန်းသည် ဖြူဖွေးသောဆီးနှင်းများ ထူထပ်စွာဖုံးလွှမ်း နေပြီး ပြာလဲ့လဲ့ကောင်းကင်အောက် ဖြူဖွေးဖွေးနှင်းများအကြားရှိ ဟော်မုရွာလေးသည် သန့်ရှင်းဖြူစင် သည့် လျှို့ဝှက်ဆန်းကြယ် နတ်သမီးကလေးပုံပြင်ကမ္ဘာကဲ့သို့ လှပနေပါသည်။