ချုံချင့်- လမ်းတလျှောက်တွင် ပန်းမန်များအဖော်ပြုကာ နွေဦးရာသီသို့ ဦးတည်သွား

2021-02-24 16:54:49 |သတင်းအရင်းအမြစ် 新华网

နွေဦးရာသီအချိန်ကာလရောက်ရှိလာသည်နှင့်အမျှ ချုံချင့်မြို့၏ရာသီဥတုအပူချိန်သည် တဖြည်းဖြည်း ပြန်လည်မြင့်တက်လာပြီဖြစ်သည်။ နွေးထွေးသော နေရောင်ခြည်ကျရောက်နေသည့် တောင်ပေါ် မြို့လေးသည် နွေဦးရာသီ အငွေ့အသက်များဖြင့် ပြည့်နှက်နေပါသည်။ ချုံချင့်အမှတ်(၂) မြို့ပတ်ရထားလမ်း ဖောထူကွမ်လမ်းပိုင်း တောင်ပေါ်လူသွားလမ်းတလျှောက်တွင် တရုတ်ဆီးပန်းများစွာ ပွင့်လန်းလျက်ရှိသည်။ ထိုနေရာတွင် တစ်လမ်းပြေးရထားတစ်စီးသည် ပန်းပင်လယ်ကို ဖြတ်ကျော်နေသည်မှာ သာယာသော မြို့ပြပန်းချီကားတစ်ချပ်ကို ရေးဖွဲ့ထားသဖွယ်ဖြစ်နေပါသည်။(သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan gateway)

ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ချုံချင့်အမှတ်(၂)မြို့ပတ်ရထားလမ်း ဖောထူကွမ်လမ်းပိုင်းတွင် တစ်လမ်း‌ပြေး ရထားတစ်စီးသည် ပန်းပင်လယ်ကြီးကိုကျော်ဖြတ်နေသည်။