မီးပုံးပုံစံသစ် ဖန်တီးခြင်းဖြင့် တရုတ်ယွမ်ရှောင်လပြည့်ပွဲတော်ကို ကြိုဆို

2021-02-26 17:57:04 |သတင်းအရင်းအမြစ် 新华网

ယနေ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့သည် တရုတ်နိုင်ငံရိုးရာပွဲတော်တစ်ခုဖြစ်သည့် ယွမ်ရှောင် လပြည့်ပွဲတော်နေ့ ဖြစ်ပြီး အန်းဟွေးပြည်နယ် ဖုယမ်မြို့ ယွီရှင်းမူလတန်းကျောင်းမှ ကျောင်းသူ ကျောင်းသားများသည် မီးပုံးပြုလုပ်ခြင်းဖြင့် ယွမ်ရှောင်လပြည့်နေ့ပွဲတော်ကို ထောပနာပြုကြသည်။ အဆိုပါမူလတန်းကျောင်းသည် နံရံပေါ်တွင်ချိတ်ဆွဲထားသော ရက်ဆုတ်ပြက္ခဒိန်ဟောင်း၊ တစ်ခါသုံးတူ များ၊ အဖျော်ယာမကာပုလင်း၊ သကြားလုံးဘူး၊ ပါဆယ်အိတ်များဖြင့် ကျောင်းသူကျောင်းသားများ ဦးဆောင်ပြီး မိမိကိုယ်ပိုင်စိတ်ကူးဖြင့် မီးပုံးကို ဖန်တီးပြုလုပ်ခဲ့ကြသည်။

ကျောင်းသူကျောင်းသားများ ပြုလုပ်သည့် မီးပုံးသည် အလုံး ၃၀၀၀ ကျော်ရှိပြီး ပုံသဏ္ဌာန်များမှာ အမျိုးမျိုးအစုံစုံဖြင့် လှပနေပါသည်။ စွန့်ပစ်ပစ္စည်းများဖြင့် အဖိုးတန်လက်ရာ ဖြစ်လာစေသည်သာမက ယွမ်ရှောင်လပြည့်နေ့ပွဲတော်၏ မီးပုံးချိတ်ဆွဲသည့်ဓလေ့ကိုလည်း သိကျွမ်းလာစေပါသည်။ (သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan gateway)