တရုတ်-မြန်မာနယ်စပ်ဒေသတွင်ရှိသော ကောင်းလီကုန်းတောင်သည် တောင်မှမြောက်သို့ ကီလိုမီတာ ရာနှင့်ချီ ရှည်လျားပြီး တစ်ဆက်စပ်တည်း တည်ရှိသည်။ ၎င်းသည် နုကျန်း၊ ပစ်လော်နှင်းတောင်နှင့် အတူ ခန့်ညားလှပသည့် နုကျန်းမြစ်လျှိုမြောင်ကို ဖွဲ့စည်းထားသည်။ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် နုကျန်းမြစ်လျှိုမြောင်တစ်လျှောက်ရှိ မြို့ပြ၊ ရွှေ့ပြောင်းပြန်လည်နေရာ ချထားရေးစခန်းများနှင့် ရှုခင်းသာများ ချိတ်ဆက်ထားသော မေလီလမ်းမကြီး စတင်ဖွင့်လှစ်ပြေးဆွဲခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ပေါင်စန်း-လူရွှေ အမြန်ကားလမ်းမကြီး ဖွင့်လှစ်လိုက်ရာ နုကျန်းတွင် အမြန်ကားလမ်းမကြီး မရှိသော သမိုင်းကို အဆုံးသတ်ခဲ့ပါသည်။ ပေါင်စန်း-လူရွှေနှင့် မေလီလမ်းမတို့မှ မြောက်ဘက်သို့ သွားလျှင် ခန့်ညားလှပသည့် နုကျန်းမြစ်လျှိုမြောင်ရှုခင်းသာသည် ခရီးသည်များကို ဆွဲဆောင်နေပါသည်။(သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan gateway)