ရောင်စုံမုန်ညင်းဆီပန်းအမျိုးအစားအသစ် ကူမင်းမြို့တွင် တွေ့ရှိ

2021-03-17 16:19:16 |သတင်းအရင်းအမြစ် 新华网

အွန်လိုင်းတွင် ရေပန်းစားနေသည့် ရောင်စုံမုန်ညင်းဆီပန်းအမျိုးအစားအသစ်ကို ယခုလတ်တလော၌ ယူနန်ပြည်နယ် ကူမင်းမြို့တွင်လည်း တွေ့ရှိနိုင်ပါသည်။

ယခုရက်ပိုင်းတွင် ယူနန်လယ်ယာစိုက်ပျိုးရေးနည်းပညာတက္ကသိုလ်၏ စမ်းသပ်လယ်ယာတစ်ခုတွင် နွားနို့ကဲ့သို့အဖြူရောင်၊ လိမ္မော်ရောင်၊ ပန်းရောင်၊ ခရမ်းရောင် အပါအဝင် အရောင်စုံလင်စွာပါရှိသော မုန်ညင်းဆီပန်းများ ဝေဆာစွာ ဖူးပွင့်နေပါသည်။ ၎င်းမုန်ညင်းဆီပန်းများသည် တရုတ်နိုင်ငံ ကျက်ကျန်း၊ ကျန်းရှီစသည့်ဒေသမှ တင်သွင်းလာခြင်းဖြစ်သည်။ ရောင်စုံမုန်းညင်းဆီပန်းများသည် ရှုစားရန် အလွန်ကောင်းမွန်သည့်အပြင် ဆီထွက်နိုင်သကဲ့သို့ ပန်းလက်ဖက်၊ ပန်းမုန့်၊ အလှဆင်ပစ္စည်းအဖြစ်လည်း ထုတ်လုပ်နိုင်ပါသည်။ အနာဂတ်တွင် ကျယ်ပြန့်စွာ စိုက်ပျိုးလာမည်ဟု မျှော်လင့်ရပါသည်။

(သတင်း အရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan gateway)