ရထားစက်ခေါင်း ဘေးကင်းရေးအတွက် စောင့်ရှောက်ပေးသော ၂၀၀၀ ခုနှစ်နောက်ပိုင်းဖွား အမျိုးသမီးစက်ပြင်ဆရာမ

2021-03-19 19:45:43 |သတင်းအရင်းအမြစ် 新华网

“မော်တာ၊ စက်မူလီ၊ ဂီယာအုံ၊ ခြေနင်းခလုတ် အားလုံးကောင်းတယ်။ ” ညည့်နက်ချိန်တွင် ကူမင်းရထားစက်ခေါင်းပြုပြင်ထိန်းသိမ်းရေးစက်ရုံ၌ ၂၀၀၀ ခုနှစ်နောက်ပိုင်းဖွား မိန်းကလေး ချိန်ယန့်ချီက လက်နှိပ်ဓာတ်မီးကိုင်ကာ ကြီးမားသောစက်ခေါင်းကိုယ်ထည်အောက်တွင် စက်ပစ္စည်း အစိတ်အပိုင်းများအား ကျွမ်းကျင်စွာ စစ်ဆေးရေးလုပ်နေသည်။ ကူမင်းမြို့၏ ရထားတွဲစက်ခေါင်း ပြုပြင်ထိန်းသိမ်းရေးစက်ရုံမှ စက်ပြင်ဆရာမတစ်ဦးအနေဖြင့် ချိန်ယန့်ချီသည် ညပိုင်းလည်း အလုပ် ဆင်းနိုင်သည်။ မြောင်းထဲလည်း ဆင်းနိုင်သည်။ နေ့စဉ်တာဝန်ယူစစ်ဆေးသော စက်ပစ္စည်း၏ အကြီးစား အစိတ်အပိုင်းမှာ (၆၀)-(၇၀)ခုရှိပြီး အသေးစားအစိတ်အပိုင်းမှာ သောင်းချီရှိသည်။ “ကျွန်မ စစ်ဆေးထားတဲ့ ရထားစက်ခေါင်းတွေ ဘေးကင်းစွာထွက်ခွာနိုင်ပြီး ဘေးကင်းစွာပြန်လာနိုင်ဖို့ အစိတ်အပိုင်းတိုင်း အပြစ်အနာအဆာမရှိအောင် သေချာစစ်ဆေးတယ် ”ဟု သူမက ပြောသည်။

(သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan gateway)