【COP 15】ကမ္ဘာ့ရေနေ့တွင် ယူနန်ပြည်နယ်ရှိ ကုန်းမြင့်ဒေသရေကန်ကြီး ၉ ခု၏ ရှုခင်းအလှကို အတူရှုစားကြမယ်

2021-03-23 18:53:54 |သတင်းအရင်းအမြစ် 新华网

ရေအရင်းအမြစ် ပေါကြွယ်မှုအရှိဆုံးသော တရုတ်ပြည်တွင်းပြည်နယ်များအနက် တစ်ခုဖြစ်သော ယူနန်ပြည်နယ်တွင် မြစ်ကြီးချောင်းကြီးများအပြင် ကုန်းမြင့်ဒေသရေကန်ကြီး ၉ ခုလည်း နာမည် ထင်ရှားလှပါသည်။ ၎င်းကုန်းမြင့်ဒေသရေကန်ကြီး ၉ ခုအနက် ဖူရှမ်ကန်သည် တရုတ်ပြည်တွင်း ရေကန်များအနက် ရေသိုလှောင်ခြင်းပမာဏအကြီးမားဆုံး ရေချိုကန်ကြီးဖြစ်ပါသည်။ သို့ရာတွင် လွန်ခဲ့သောနှစ်များစွာအတွင်း အဆိုပါကုန်းမြင့်ဒေသရေကန်ကြီး ၉ ခုသည် အကြောင်းရင်း အသီးသီးကြောင့် ကာကွယ်ရေးကဏ္ဍတွင် ပြဿနာများစွာ ကြုံတွေ့ခဲ့ရပါသည်။

ယခုနှစ်ပိုင်းတွင် ယူနန်ပြည်နယ်သည် “ရေကန်တစ်ကန်၊ စီမံအုပ်ချုပ်နည်းတစ်မျိုး”သီးသန့်စီစဥ်ပေးခြင်း ဖြင့် အဆိုပါကုန်းမြင့်ရေကန်ကြီး ၉ ခုကို စီမံအုပ်ချုပ်ခဲ့ပါသည်။ အထူးသဖြင့် တရုတ်နိုင်ငံ ၁၃ ကြိမ်မြောက် ၅ နှစ်စီမံကိန်းကို ဆောင်ရွက်ခဲ့သော ၂၀၁၆ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ်အထိ ထိရောက်မှုရှိသော ကုစား နည်းဖြင့် အဆိုပါရေကန်များက ကုန်းမြင့်ဒေသအတွင်း ပျံ့နှံ့နေသည့် ပုလဲကဲ့သို့ ပြန်လည်ကြည်လင် လာစေသည်။ အောက်ပါပုံများမှတစ်ဆင့် အဆိုပါကုန်းမြင့်ဒေသ ရေကန်ကြီး ၉ ခု၏ ရှုခင်းအလှကို ကျွန်မတို့အတူရှုစားကြပါစို့။ (သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan gateway)

ထျိန်းချီကန်