တရုတ်တစ်ပြည်လုံးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံနေပြီး အကြီးမားဆုံး ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးအကာအရံကို တည်ဆောက်မည်

2021-03-26 19:02:43 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ကိုဗစ်-၁၉ ပူးပွဲကာကွယ်ထိန်းချုပ်ရေးအဖွဲ့၏ သတင်းအရ ၂၀၂၁ ခုနှစ် မတ်လ ၂၂ ရက်နေ့ ည ၁၂ နာရီအထိ၊ တရုတ်ပြည်တွင်းတွင် ကိုဗစ်-၁၉ ကာကွယ် ဆေး ထိုးနှံခြင်းအကြိမ်ရေသည် ၈၀.၄၆၃ သန်းကို ရောက်ရှိပြီး ထိုးနှံသူဦးရေသည်လည်း တည်ငြိမ်စွာ တိုးတက်နေပါသည်။ ယခုအချိန်ထိ တရုတ်ကိုဗစ်-၁၉ ကာကွယ်ဆေးကို နိုင်ငံတကာတွင် အကြိမ်ရေ သန်း ၁၀၀ ကျော် ထိုးနှံပေးခဲ့ပြီး လုံခြုံမှုရှိသကဲ့သို့ ကိုဗစ်-၁၉ ရောဂါပိုးကိုလည်း ထိရောက်စွာ ကာကွယ်ပေးနိုင်ပါသည်။ အနာဂတ်တွင် တရုတ်ပြည်တွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်ပိုမြင့်စွာဖြင့် ဆောင်ရွက်ရန် စီစဥ်ထားပြီး ကူးစက်အန္တရာယ်မြင့်သော၊ ကူးစက်လွယ်သော လူစုများမှ သာမန်ပြည်သူအထိ ထိုးနှံပေး ရန် စီစဥ်ထားပါသည်။ ၎င်းသည် တရုတ်နိုင်ငံ၏ ပြည်တွင်း အတိုင်းအတာ အကြီးကျယ်ဆုံး သော ကာကွယ်ဆေး စုစည်းထိုးနှံခြင်းဖြစ်ပါမည်။