ယူနန်ပြည်နယ်တွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ(၈)ဦးအသစ်တိုးပြီး ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများနှင့် နေထိုင်ရေးပစ္စည်းများ လုံလောက်စွာ ရရှိရန်အာမခံ

2021-04-09 19:01:32 |သတင်းအရင်းအမြစ် 云南日报

ဧပြီလ(၈)ရက်နေ့တွင် ယူနန်ပြည်နယ်တွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာ (၈)ဦး အသစ် တိုးခဲ့သည်။ ဧပြီလ(၈)ရက်နေ့ထိ ယူနန်ပြည်နယ်တွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၈၇)ဦး (ပြည်ပမှ ဝင်ရောက်သူ(၃)ဦး၊ ဒေသခံပြည်သူ(၈၄)ဦး)၊ ရောဂါလက္ခဏာ မပြဘဲကူးစက်သူ(၄၄)ဦး (ပြည်ပမှ ဝင်ရောက်သူ(၁၉)ဦး၊ ဒေသခံပြည်သူ(၂၅)ဦး)ရှိခဲ့သည်။ သတ်မှတ်ထားသည့် ဆေးဝါး ကုသရေးကွာရန်တင်းစင်တာတွင် ကုသမှုနှင့် လေ့လာစောင့်ကြည့်မှုများ ခံယူလျက်ရှိသည်။

ဧပြီလ(၈)ရက်နေ့ နံနက်ပိုင်းတွင် ထိန်းသိမ်းကာကွယ်ရေးပစ္စည်း၊ ဓာတ်ခွဲခန်းသုံးလက်အိတ်၊ ခရမ်း လွန်ရောင်ခြည်ကာကွယ်တွန်းလှည်း စသည့် ဆေးဝါးကုသမှုပစ္စည်းအမျိုးပေါင်း(၂၅)ခုကျော်ကို သယ်ဆောင်သည့် ကုန်တင်ကားသည် ရွှေလီမြို့ရောဂါ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်း ညွှန်ကြားရေး ဌာနချုပ် ကုန်ပစ္စည်းလုံခြုံရေးအသင်း ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်း ဂို‌ဒေါင်မှ ထွက်ခွာခဲ့ပြီး ကွာရန် တင်းဟိုတယ်နှင့် သတ်မှတ်ကုသရေး ဆေးရုံများသို့ သွားရောက်ခဲ့သည်။ ဂိုဒေါင် တာဝန်ရှိသူမှ “အခု ဆိုရင် ဂိုဒေါင်မှာ သိုလှောင်ထားတဲ့ ဆေးကုသရေးပစ္စည်း အမျိုးပေါင်း (၄၀)ကျော်ရှိပြီး အပြည့်အဝ လုံလောက်ပါတယ်။ နေ့စဉ်အဆက်မပြတ်လည်း တင်ပို့ပေးလျက်ရှိနေပါတယ်။ ရွှေလီမြို့ရဲ့ ရောဂါ ကာကွယ်ရေးလုပ်ငန်းအတွက် ခိုင်မာတဲ့အာမခံကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်”ဟု ဆိုသည်။
လက်ရှိတွင် ရွှေလီမြို့တွင်း (ကျယ်ဂေါက်အပါအဝင်)တွင် မိမိအိမ်တွင်နေထိုင်သည့် အသွားအလာ ကန့်သတ်ထိန်းချုပ်မှု လုပ်ဆောင်နေဆဲ ဖြစ်ပြီး ပစ္စည်းလိုလားချက်များကို အတတ်နိုင်ဆုံး ဖြည့်စွက် ပေးလျက်ရှိသည်။ ရွှေလီမြို့သည် Mei Tuan ၊ E Le Me စသည့် အီလက်ထရောနစ်စင်မြင့်များနှင့် တစ်မြို့လုံးရှိ စူပါမားကတ်အကြီးစား(၆)ခုတို့နှင့် ညှိနှိုင်းချိတ်ဆက်ကာ “ထိတွေ့မှုမရှိ”သည့် ပို့ဆောင်မှုဖြင့် အများပြည်သူလိုအပ်သည့် ကုန်ပစ္စည်းများကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနေ ပါသည်။ ရှင်းလင်းနေသော လမ်းမကြီးပေါ်တွင် delivery သမားများက နှာခေါင်းစီး၊ ဦးထုပ်များတပ် ဆင်ပြီး ဆိုင်ကယ်ဖြင့် မြို့တွင်းလမ်းများပေါ်တွင် ဖြတ်သန်းသွားလာနေကြသည်။ “မိမိအိမ်မှာ နေထိုင်တဲ့ အသွားအလာကန့်သတ်ထိန်းချုပ်မှု လုပ်ဆောင်တဲ့ ရပ်ကွက်တွေမှာ ပြင်ပမှ လာတဲ့သူတွေ မဝင်ရပါဘူး။ ကျွန်တော်တို့က ပစ္စည်းကို ရပ်ကွက်တံခါးဝမှထားပြီး ပစ္စည်းလာယူသူများနဲ့ လုံခြုံတဲ့အကွာအဝေးမှာပဲ နေပါတယ်။ ကျွန်တော်တို့ပိုပြေးပေးရင် မြို့သားများက အိမ်ထဲမှာ ပိုပြီးစိတ်ချလက်ချ နေထိုင်နိုင်မှာ ဖြစ်ပါတယ်” ဟု delivery သမား ရန်ကန်အိမ်းက ပြောကြားသွားပါသည်။