“အနီရောင်ကုလားအုတ်ဆို ရပ်ပါ၊ အစိမ်းရောင်ကုလားအုတ်ဆို သွားပါ” ကမ္ဘာပေါ်တွင် ပထမဆုံးသော ကုလားအုတ်သီးသန့်မီးပွိုင့် တွင်းဟွမ်မင်ရှားရှမ်ရွေ့ရာချွမ်ရှုခင်းသာတွင် ထားရှိ

2021-04-14 19:10:44 |သတင်းအရင်းအမြစ် 新华网 中新社等综合


“အနီရောင်ကုလားအုတ်ဆိုရပ်ပါ၊ အစိမ်းရောင်ကုလားအုတ်ဆိုသွားပါ” ယခုရက်ပိုင်းတွင် ကုလားအုတ် သင်္ကေတ မီးပွိုင့်သည် တွင်းဟွမ်မင်ရှားရှမ်ရွေ့ရာချွမ် ရှုခင်းသာတွင် တပ်ဆင်ထားပါသည်။ အဆိုပါ မီးပွိုင့်သည် ကမ္ဘာ့ပထမဆုံးသော ကုလားအုတ်အတွက် သီးသန့်ထားရှိသော မီးပွိုင့်ပင်ဖြစ်သည်။

မင်ရှားရှမ်ရွေ့ရာချွမ်ရှုခင်းသာသည် တရုတ်နိုင်ငံ ကမ်းဆူးပြည်နယ် တွင်းဟွမ်မြို့တောင်ဘက် (၅) ကီလို မီတာအကွာတွင် တည်ရှိသည်။ သဲနှင့်စမ်းရေများ ယှဉ်တွဲတည်ရှိပြီး ကမ္ဘာအနှံ့တွင် “ထူးခြားသော သဲကန္တာရမြင်ကွင်း”အဖြစ် လူသိများပြီး တွင်းဟွမ်သို့ သွားလည်သည့် ပြည်ပခရီးသွားများအတွက် မဖြစ်မနေသွားကြသောရှုခင်းသာနေရာတစ်ခုပင်ဖြစ်သည်။
ကုလားအုတ်သည် “သဲကန္တာရအတွင်းရှိ လှေတစ်စင်း” ဟူ၍ လူသိများသည်။ မင်ရှားရှမ် ရွေ့ရာချွမ် ရှုခင်းသာတွင် ကုလားအုတ်စီးခြင်းမှာ ခရီးသွားဧည့်သည်များ အနှစ်သက်ဆုံးသောလှုပ်ရှားမှုများထဲက တစ်ခုဖြစ်သည်။ ကုလားအုတ်ခေါင်းလောင်းသံများ နားဆင်ရင်း မင်ရှားရှမ် တောင်ပေါ်တွင် ဖြည်းညင်း စွာသွားလာနိုင်သည်။ လမ်းတစ်လျှောက်ရှိ ရှေးဟောင်းပိုးလမ်းမနှင့် အခြားသော ခမ်းနားထည်ဝါသည့် ရှုခင်းများ ကြည့်ရသည်မှာ တမူထူးခြားသောရသကို ခံစားရစေသည်။

“ဒီမှာယာဉ်ကြောမပိတ်ဘူး။ ကုလားအုတ်တွေပိတ်တာ။ ရွေ့ရာချွမ်မှာ ခရီးသွားဧည့်သည် တစ်နေ့ကို ပျှမ်းမျှ (၃၀၀၀၀) ကနေ (၄၀၀၀၀)အထိရှိပြီး ကုလားအုတ်ပေါင်း(၁၅၀၀)ကျော်က နေ့တိုင်းအခေါက် ပေါင်း (၂၀)ခန့် သွားလာလေ့ရှိတယ်။” ခရီးသွားရာသီချိန်တွင် ကုလားအုတ်စီးသောဧည့်သည် အလွန် များပြားသဖြင့် “ကုလားအုတ်များ ပိတ်ဆို့ခြင်း” ပြဿနာဖြစ်ပေါ်လာသည်။

ယခင်ရက်ပိုင်းက ရှုခင်းသာမှ သုတေသနပြုလုပ်ပြီးနောက် အဆိုပါ လူ၊ ကား၊ ကုလားအုတ် များအတွက် အချက်ပြမီးပွိုင့် တီထွင်ဖန်တီးနိုင်ခဲ့သည်။ လမ်းဆုံလမ်းခွတွင် ကုလားအုတ်များသည် မီးအချက်ပြသည့် အတိုင်း အစီစဉ်တကျ ဖြတ်သန်းသွားလာသည်။ မော်တော်ယာဉ်များလည်း ကုလားအုတ်ကို ရှောင်ပေးပြီး လူများ၊ ခရီးသွားများ မီးနီစောင့်နေချိန်တွင် ကုလားအုတ်များကို ရပ်နားကြည့်ရှုနိုင်ပေသည်။