နွေဦးရာသီမှာ ရေများကြည်လင်လှပြီး ရှောင်နမ်ဟိုင်ရေကန်ကမ်းဘေးတွင် တန်းဆီပန်းများပွင့်

2021-04-16 18:00:11 |သတင်းအရင်းအမြစ် 新华网

ဧပြီလတွင် နွေဦးမိုး ရွာပြီးနောက် ချုံကင်း ချင်ကျမ်း ရှောင်နမ်ဟိုင်ရှုခင်းသာနယ်မြေတွင် ဧက ဆယ်ကျော်ရှိသော တန်းဆီပန်း (flower of Tung oil tree) များ ဖူးပွင့်နေပြီး ပန်းရနံ့များ သင်းပျံ့နေသည်။

တန်းဆီပန်းမှာ တန်းဆီပင်၊ ရေနံဆီပင်၏ပန်းကို ဆိုလိုသည်။ များသောအားဖြင့် တောင်ကုန်းနိမ့်နယ်မြေတွင် တွေ့မြင်နိုင်သည်။ တန်းဆီပင်သည် ယခင်က စီချွမ်း ချုံကင်းဒေသမှ စက်မှုစက်ရုံများအတွက် အရေးပါသော စက်သုံးဆီထုတ်အပင်ဖြစ်သည်။ တန်းဆီပင်မှထုတ်ထွက်လာသောဆီမှာ စားသုံး၍မရသော်လည်း ရေမစိမ့်သော၊ လေမခိုသော၊ လျှပ်စစ်ဓာတ်မကူးသော၊ အချဉ်မဖောက်သော၊ ချေးမတက်သော၊ အပူအအေးဓာတ်ခံနိုင်သော စသည့် ထူးခြားသော လက္ခဏာများရှိသဖြင့် စက်ပစ္စည်းများတွင် အသုံးများလေ့ရှိသည်။

ယခုချိန်တွင် ချုံကင်း ရှောင်နမ် ဟိုင်ရှုခင်းသာနယ်မြေအတွင်း၌ တန်းဆီပန်းများ ဖူးပွင့်လျက်ရှိပြီး အဖြူ ရောင်အပွင့်များ သစ်ပင်ပေါ်ဝေဝေဆာဆာရှိနေပြီး ဆီးနှင်းပင်လယ်ကဲ့သို့ရှိနေသည်။