တရုတ်နိုင်ငံမြောက်ပိုင်းမှ အမျိုးသမီးသည် ယူနန်တာ့လီ၏ တိမ်ဖြူကို အခြေပြုပြီး ချစ်ဖွယ်ရာ ရုပ်ပုံပန်းချီကားများ ရေးဆွဲ

2021-04-19 18:22:46 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ တာ့လီမြို့သည် ခရီးသည်များစွာအတွက် ကဗျာဆန်ဆန် စိတ်အပန်းဖြေ နိုင်သည့်နေရာဖြစ်ပြီး တာ့လီမြို့၏ အလ်ဟိုင်ကန်တော်ကြီးနှင့် ချမ်းစန်းတောင်သည် တစ်နှစ်လုံးအတွင်း ရှုမဝသည့်အလှရှုခင်းရှိသည်သာမကဘဲ ကောင်းကင်ရှိ တိမ်ဖြူသည်လည်း အလွန်လှပသောကြောင့် မကြာခဏ လူကြိုက်များသောသတင်းတွင် ပါဝင်နိုင်သည်။ တရုတ်နိုင်ငံမြောက်ပိုင်းဒေသမှ အမျိုးသမီး ကျိုးကျိုးယွီသည် တာ့လီသို့ လာရောက်နေထိုင်ပြီးနောက် တာ့လီ၏ တိမ်ဖြူသည် သူမ၏ မျက်စိကို ဖမ်းစားခဲ့ပြီး သူမသည် ပန်းချီစုတ်တံကို ပြန်ကိုင်၍ တိမ်ဖြူကို အခြေပြုကာ ပန်းချီရေးဆွဲပါတော့သည်။ သူမသည် ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ကစ၍ တာ့လီ၏တိမ်ဖြူတစ်ခုကို အခြေပြုပြီး ပန်းချီကား တစ်ချပ် ရေးသည်မှစကာ ယခုအချိန်ထိ ပန်းချီကားပေါင်း ၆၀၀ ကျော် ရေးဆွဲခဲ့ပါသည်။ သူမ၏ ပန်းချီ တွင် တိမ်ဖြူသည် ဝေလငါး၊ ကြောင်၊ ခို စသည့်ရုပ်ပုံများအဖြစ် ပြောင်းသွားခဲ့ပြီး ရုပ်ပုံတိုင်းအတွက် အမည်လည်းပေးသကဲ့သို့ စိတ်နွေးထွေးစေသည့် အကြောင်းအရာကိုလည်း တွဲရေးပေးခဲ့ပါသည်။ သူမ၏ အဆိုပါပန်းချီများကို လူမှုကွန်ရက်တွင် တင်လိုက်ပြီးနောက် ပရိသတ်များစွာ၏ ကြိုက် နှစ်သက်မှု ရရှိခဲ့ပြီး သူမသည် တာ့လီတိမ်ဖြူ၏ “သယ်ဆောင်သူ” “ဘာသာပြန်ဆိုသူ”“ကိုယ်စားပြုသူ” ဟူ၍ ချီးကျူးခေါ်ဝေါ်ကြပါသည်။