သုတေသနဌာနမှ ကုန်းနေရေနေသတ္တဝါများ ပန်းချီဆရာကြီး

2021-04-23 18:42:43 |သတင်းအရင်းအမြစ် 新华网

အသက် ၆၀ နှစ်ကျော်ရှိ ဆရာကြီး လီကျန့်သည် တရုတ်သိပ္ပံနည်းပညာအကယ်ဒမီ ချင်တိုးဇီဝသု တေသနဌာန ကုန်းနေရေနေသတ္တဝါများ သုတေသနစမ်းသပ်ခန်း၏ အဆင့်မြင့် စမ်းသပ်သူဆရာ ကြီးဖြစ်သည်။ သူသည် တိရစ္ဆာန်နှင့်ရုက္ခပင်များ၏ ပန်းချီရေးဆွဲခြင်းအလုပ်ကို အချိန်ကြာမြင့်စွာ ကတည်းက ဆောင်ရွက်နေပါသည်။

“ကျွန်တော်ရေးဆွဲတဲ့ ပန်းချီက အနုပညာလက်ရာတွေနဲ့မတူပါဘူး။ သိပ္ပံနည်းပညာကျမှုကို လိုက်နာ တယ်။ တစ်ခါတလေ တိရစ္ဆာန်ရဲ့ပုံကို သေသေချာချာ ရေးဆွဲဖို့ အနုကြည့်မှန်ပြောင်းနဲ့ အသေးစိတ် သုတေသနပြုပြီးမှ ရေးဆွဲလို့ရတယ်။ ဥပမာပြောရရင် မတူညီတဲ့ ဖားအမျိုးအစားတွေမှာ လက်ချောင်း အရှည်၊ လက်ချောင်းထိပ်ရဲ့ ပုံသဏ္ဌာန်တွေက မတူပါဘူး။ အဲဒီလက္ခဏာ ထူးခြားချက်တွေကတစ်ဆင့် မတူညီတဲ့ဖားအမျိုးအစားကို အကဲဖြတ်ခွဲခြားရတယ်”ဟု ဆရာကြီး လီကျန့်က ဆိုသည်။

လက်ဖဝါးသာသာ တိရစ္ဆာန်ရုပ်ပုံကို လက်ဖြင့်ရေးဆွဲလျှင် လီကျန့်သည် ၁၀ ရက်ခန့်လိုအပ်ပြီး ကိုယ်ခန္ဓာ တစ်ခုလုံး အကြေးအပြည့်ရှိသော မြွေကို ရေးဆွဲရန် လဝက်အထက်လိုအပ်ပါသည်။