တရုတ်နိုင်ငံမြောင်တိုင်းရင်းသားတို့၏ ဖယောင်းဖြင့် ဆေးဆိုးခြင်းနည်းပညာသည် ဘိုးစဥ်ဘောင်ဆက် လက်ဆင့်ကမ်းလာသည့် အထည်ဆေးဆိုးခြင်းပညာတစ်မျိုးဖြစ်ပြီး ၎င်း ဖယောင်းဆိုးဆေးအထည် သည် အရောင်ဖျော့၍ စင်ကြယ်လှသကဲ့သို့ ပန်းဒီဇိုင်းသည်လည်းလှပကာ မြောင်တိုင်းရင်းသားတို့၏ ဒေသဆိုင်ရာသွင်ပြင်လက္ခဏာကို အထူးဖော်ပြနေပါသည်။ ကွေ့ကျိုးပြည်နယ် တန်းရွာဝမ့်သာမြို့ ကလေးတွင် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မွေးဖွားသူ ဝမ်ရှင်ယဥ်နှင့် မိသားစုဝင်များသည် ဖယောင်းဖြင့် ဆေးဆိုးခြင်း ကိုယ်တိုင်လက်တွေ့ခံစားနိုင်သည့် ဆိုင်တစ်ဆိုင် ဖွင့်လှစ်ထားပြီး ခရီးသည်များနှင့် အတူ ဖယောင်းဆိုးဆေးအထည်များ ပြုလုပ်ကြသည်။ ထို့ပြင် သူမသည် ဖယောင်းဖြင့်ဆေးဆိုးခြင်း စက်ရုံတစ်ရုံ တည်ထောင်ခဲ့ပြီး မြောင်တိုင်းရင်းသား ဖယောင်းဆိုးဆေးအထည်နှင့် အခြားကုန်စည် ပစ္စည်းကို အဓိက ထုတ်လုပ် ရောင်းချနေပါသည်။