တရုတ်နိုင်ငံဆိုင်ရာ ဇမ်ဘီယာ၊ ဘူလ်ဂေးရီးယား၊ အိုင်ယာလန်စသည့် နိုင်ငံ ၂၈ မှ သံအမတ်ကြီးတို့သည် ယူနန်ပြည်နယ်ကို လေ့လာရေးခရီးစဉ်ရောက်ရှိ

2021-04-28 16:44:11 |သတင်းအရင်းအမြစ် 云南网

ဧပြီလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ချန်လက်ယွိသည် ဇမ်ဘီယာ၊ ဘူလ်ဂေးရီးယား၊ အိုင်ယာလန်စသည့် နိုင်ငံ ၂၈ မှ သံအမတ်ကြီးများ နှင့်အတူ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို လေ့လာရေးခရီးစဉ် ရောက်ရှိလာကြသည်။ လေ့လာရေးခရီးစဉ် ၄ ရက်တာကာလအတွင်း သံအမတ်ကြီးတို့သည် ကူမင်း၊ ဝင်ရှန်းမြောင်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲသို့ သွားရောက်ပြီး အဆိုပါနေရာ၏ ဖွံ့ဖြိုးမှု၊ ပြောင်းလဲမှုအခြေအနေကို လေ့လာခဲ့ကြကာ ယူနန်နေရာအသီးသီး၏ ရှုခင်းအလှကိုလည်း ခံစားခဲ့ကြပါသည်။