ယူနန်တက္ကသိုလ်က နှင်းဆီပန်း စားကောင်းသောက်ဖွယ်များကို ဆရာများနှင့် ကျောင်းသားများ အထူးကြိုက်နှစ်သက်

2021-04-29 18:27:40 |သတင်းအရင်းအမြစ် 新华网

ယခုရက်ပိုင်းတွင် ယူနန်တက္ကသိုလ်ရှိ ၄.၉၄ ဧက ဝန်းကျင်ကျယ်ဝန်းသော နှင်းဆီပန်းခင်းကြီးသည် ဝေဆာစွာ ဖူးပွင့်နေပြီး ကျောင်းသူကျောင်းသားများသည် နှင်းဆီပန်းပင်လယ်ကို ခံစားကြည့်ရှုနိုင်ပါသည်။ ကျောင်းပြင်ပမှအခြားသူများအား ပိုမိုအားကျစေသည်မှာ ၎င်းနှင်းဆီပန်းများအားလုံးသည် စားသုံးနိုင်ပြီး နေ့စဥ် ဆွတ်ခူးလာသောပန်းများကို စားဖိုဆောင်သို့ ပို့ဆောင်ကာ ကျောင်းသူကျောင်းသားများအတွက် စားကောင်းသောက်ဖွယ်များ ချက်ပြုတ်ပေးပါသည်။ နှင်းဆီပန်းမုန့်၊ နှင်းဆီပန်းဆန်ပြုတ်၊ နှင်းဆီပန်းကြော် စသည်တို့သည် စား၍ကောင်းသကဲ့သို့ စျေးလည်းသက်သာပါသည်။