လူမှုဖူလုံရေးစင်တာထဲက “ကောင်းကင်တမန်တော်မိခင်”

2021-04-30 18:41:24 |သတင်းအရင်းအမြစ် 新华网

ကွမ်တုံးပြည်နယ် မောက်မင်မြို့ လူမှုဖူလုံရေးစင်တာတွင် ဝန်ဆောင်မှုရယူနေသူ (၈၀၆)ဦးအနက် မိဘမဲ့ကလေး(၂၈၂)ဦး ပါရှိသည်။ ၎င်းနေရာတွင် အာဟာရ၊ ဆေးဝါးကုသမှု၊ ပညာရေး၊ ဖျော်ဖြေရေး၊ ပြန်လည်ထူထောင်ရေးနှင့် အထူးပညာရေးလုပ်ငန်းဆောင်တာများ ပေါင်းစည်းထားသည်။ လူမှုဖူလုံရေးစင်တာသည် ဦးနှောက်မဖွံ့ဖြိုးသောကလေးငယ်များ ပြန်လည်ထူထောင်ရေး သရုပ်ပြအခြေစိုက်စခန်းလည်းဖြစ်သည်။ အဆိုပါလူမှုဖူလုံရေးစင်တာမှ ဝန်ထမ်း(၉၀%)မှာ အမျိုးသမီးများ ဖြစ်ပြီး “ကလေးများ၏ဘဝမြင့်တင်ပေးရန်”ဟူသောစိတ်ဓာတ်ဖြင့် နှစ်ပေါင်းများစွာ ပေးဆပ်ရန် စိတ်အားထက်သန်ခဲ့ကြပြီး ကလေးငယ်များ၏ နှလုံးသားအတွင်းမှ “ကောင်းကင်တမန်တော်မိခင်”များ ဖြစ်ကြပေသည်။