ကွေ့ကျိုးပြည်နယ် ချိရွှေမြို့တွင် dendrobe ပင်များ စိုက်ပျိုးပြီး Dendrobium nobile ပန်းများ ရောင်းကောင်းနေ

2021-05-06 19:11:23 |သတင်းအရင်းအမြစ် 新华网

ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ချိရွှေမြို့ချန်ရှာ၊ ချန်ချီးစသည့် မြို့နယ်၌ ပန်းစိုက် တောင်သူများသည် Dendrobium nobile ပန်းများ ဆွတ်ခူးခြင်းဖြင့် အလုပ်များနေကြသည်။ ချိရွှေမြို့ ၏ Dendrobium nobile dendrobe ပန်းသည် တရုတ်ရိုးရာ တိုင်းရင်းဆေးတစ်မျိုးဖြစ်ပြီး ယခုနှစ်ပိုင်းကာလတွင် ချိရွှေမြို့သည် ဇီဝလယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသစီးပွားဖြစ်ထွန်းရေးလုပ်ငန်း ပူးတွဲဖွံ့ဖြိုးရေး သို့ တက်ကြွစွာ ပါဝင်နိုင်ရန် “သမဝါယမအဖွဲ့ + တရုတ်ကွန်မြူနစ်ပါတီ ဒေသပါတီကော်မတီခွဲ + လယ် သမား”ပုံစံဖြင့် Dendrobium nobile ပန်း အကျယ်အဝန်း ၁၄၈၂၆.၃၂ ဧက စိုက်ပျိုးထားပါသည်။