နွေဦးတွင် လှပသော ရောင်စုံလယ်မြေက ခရီးသည်များကို ဆွဲဆောင်နေ

2021-05-08 12:10:10 |သတင်းအရင်းအမြစ် 新华网

နွေဦးတွင် တရုတ်နိုင်ငံ ကျက်ကန်းပြည်နယ် ဟိုကျိုးမြို့ တုံးလင်မြို့နယ်တွင် အကျယ်အဝန်းဧက ထောင်ချီကျော်ရှိ ရွှေဝါရောင်ဂျုံပင်၊ အစိမ်းရောင်ပိုးစာရွက်၊ ရောင်စုံပန်းမာန်နှင့် ဗျိုင်း စသည့်တောရိုင်းငှက်များသည် လှပသော ကျေးလက်ရှုခင်းမြင်ကွင်းတစ်ခု ဖွံ့ဖြိုးစည်းပင်နေပါသည်။ ဒေသခံပြည်သူပြည်သားများသည် ၎င်းရှုခင်းအလှဖြင့် ခရီးသည်များကို ဆွဲဆောင်လျက်ရှိပြီး ၎င်းဒေသတွင် လည်ပတ်ခြင်း၊ လယ်ယာစိုက်ပျိုးခြင်းကို ခံစားခြင်း၊ အသီးများဆွတ်ခူးခြင်း၊ ငါးဖမ်းခြင်းစသည့် အပန်းဖြေအစီအစဥ်ဖြင့် အချိန်ကုန်စေသည်။