“ပြုံးအလှပိုင်ရှင်” မြစ်လင်းပိုင်များသည် ယန်စီမြစ်၌ အုပ်စုလိုက်ရေပေါ်ထွက်လာ

2021-05-14 17:41:07 |သတင်းအရင်းအမြစ် 新华网

ယခုရက်ပိုင်းတွင် ယန်စီမြစ် ယီချန်မြစ်ဝှမ်းပိုင်း ကော်ကျိုးဘကမ်းရိုး အောက်ပိုင်းတဝိုက်တွင် မြစ်လင်းပိုင် များကို အုပ်စုလိုက် တွေ့မြင်ခဲ့ရသည်။ ဒေသခံငါးလုပ်ငန်းစီမံခန့်ခွဲမှုဌာန၏အဆိုအရ ယန်စီမြစ်၏ ယီချန် ဒေသတွင် ယခုချိန်ထိ မြစ်လင်းပိုင်မျိုးစုမှာ (၂)မျိုးမှ(၃)မျိုးအထိရှိပြီး လင်းပိုင်(၁၇)ကောင်ခန့် ရှိကြောင်း သိရပါသည်။ ၂၀၁၅ ခုနှစ်မတိုင်မီက ယန်စီမြစ် ယီချန်မြစ်ဝှမ်းမှ မြစ်လင်းပိုင်မှာ (၂)ကောင်မှ(၃)ကောင်သာ ရှိခဲ့သည်။

“ပြုံးအလှပိုင်ရှင်” ဟုခေါ်ခြင်းခံရသော ယန်စီမြစ်လင်းပိုင်များသည် ယန်စီမြစ်ဂေဟစနစ်ကွင်းဆက်၏ အထင်ကရမျိုးစိတ်ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ယန်စီမြစ်လင်းပိုင် အပါအဝင် (၆၅)မျိုးသော တောရိုင်းတိရစ္ဆာန်မျိုးစိတ်တို့ကို နိုင်ငံတော်ဒုတိယအဆင့် ကာကွယ်ထိန်းသိမ်းသောတောရိုင်းတိရစ္ဆာန်မှ နိုင်ငံတော်ပထမအဆင့် ကာကွယ်ထိန်းသိမ်းသောတောရိုင်းတိရစ္ဆာန်အဖြစ် မြှင့်တင်သတ်မှတ်ခြင်း ခံခဲ့ရပါသည်။