【COP15】ညပိုင်းကြယ်အလင်းရောင်အောက်တွင် စစ်ဆောင်ပန်းနားအပူပိုင်းရုက္ခပင်ဥယျာဉ်အတွင်း ပိုးစုန်းကြူးနှင့် ဆုံတွေ့

2021-05-21 17:58:45 |သတင်းအရင်းအမြစ် 新华网

နွေရာသီ၏ညပိုင်း၊ ကြယ်အလင်းရောင်အောက်တွင် ပိုးစုန်းကြူးနှင့်ဆုံတွေ့ခြင်းသည် လူများအတွက် ငယ်စဥ်ကာလ၏ ချိုမြိန်သော အမှတ်တရဖြစ်ပါသည်။ ရုပ်ရှင်ထဲတွင်လည်း ၎င်းမြင်ကွင်းဖြင့် အိပ်မက်ကဲ့သို့ ရိုမန်တစ်မြင်ကွင်းကို ဖန်တီးခဲ့ပါသည်။ သို့ရာတွင် ကြယ်အလင်းရှိသော ညပိုင်း ပိုးစုန်းကြူးနှင့် ဆုံတွေ့ခြင်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် စစ်ဆောင်ပန်းနားရှိ အပူပိုင်းရုက္ခပင် ဥယျာဥ်တွင် နှစ်စဥ်ကြုံတွေ့နေပါသည်။ နှစ်တိုင်း၏ ဧပြီလမှ သြဂုတ်လအထိ၊ မရေမတွက်နိုင်သော ပိုးစုန်းကြူးများသည် သစ်ရွက်အကြား၊ မြက်အကြား၊ ရေကန်ပေါ်တွင် ပျံသန်းနေပြီး ကြယ်ကလေးများ နေရာအနှံ့ ပျံ့နှံ့နေသကဲ့သို့ဖြစ်ကာ ကလေးပုံပြင်လောကသို့ ဝင်ရောက်နေသကဲ့သို့ ခံစားမိပါသည်။ ၎င်းအချိန်ကာလသည် ပိုးစုန်းကြူးများ ရှုစားရန် အကောင်းဆုံးသော အချိန်ကာလ ဖြစ်ပါသည်။