ယူနန်တာလီပိုင်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရန်ပိခရိုင်တွင် မေလ(၂၁)ရက်နေ့ ညပိုင်းက ပြင်းအား(၆.၄)အဆင့်ရှိ ငလျင်လှုပ်ခဲ့သည်။ ယခုအခါ ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဖြူးခြင်း၊ ဘေးသင့် ပြည်သူများ ပြန်လည်နေရာချထားခြင်း၊ ဘေးအန္တရာယ်အခြေအနေကို စစ်ဆေးတင်ပြခြင်း၊ ထိခိုက်ဒဏ်ရာ ရသူများကို ဆေးဝါးကုသပေးခြင်း၊ သေဆုံးသူများ၏ နောက်ဆက်တွဲကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း၊ ဘေးသင့် နေရာတွင် အန္တရာယ်ရှိပစ္စည်းများဖယ်ရှားခြင်း၊ အန္တရာယ် ထပ်မံမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ခြင်း၊ ဘေးအန္တရာယ် ကြိုတင်သတိပေးခြင်း၊ ကယ်ဆယ်ရေးအင်အားစီမံခြင်း အစရှိသော ကယ်ဆယ်ရေးလုပ်ငန်းများ စနစ်တကျ လုပ်ဆောင်လျက်ရှိပါသည်။ ခရိုင်မြို့နယ်၏ အကြီးဆုံးသော ဘေးသင့်ပြည်သူအုပ်စုများ ပြန်လည် နေရာချထားရာ နေရာနှင့် ကွင်းပြင်များတွင် ယာယီနေအိမ်များ၊ အစားအစာများ၊ အဝတ်အထည်များ၊ ရေများ၊ ဆေးဝါးကုသမှု ဝန်ဆောင်မှုများ၊ လုံခြုံသောစိတ်ချမှုနှင့် ရောဂါကာကွယ်ရေး ကျန်းမာရေးလုပ်ဆောင်ချက်များ ဆောင်ရွက်ထားပြီးဖြစ်ကာ ဘေးသင့်ပြည်သူများကိုလည်း ကောင်းမွန်စွာ ပြန်လည်နေရာချထားပြီး ဖြစ်ပါသည်။