တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ရွှန်ချိန်မြို့ ကျင်းတယ်ခရိုင်သည် တရုတ်ပြည်တွင် ပထမအသုတ်“စိမ်းလန်းတောင်တန်း ကြည်လင်ရေ၊ ရွှေတောင်ငွေတောင်ကဲ့သို့ တန်ဖိုးရှိနေ”ဟူသောအတွေးအခေါ်ကို အကောင်အထည်ဖော် ဆောင်ရွက်သည့်နေရာများအနက် တစ်ခုဖြစ်သည်။ ယခုနှစ်ပိုင်းတွင် ကျင်းတယ်ခရိုင်သည် ခေတ်မီ စံပြလယ်ယာမြေကို တည်ဆောက်လျက်ရှိပြီး တောင်တန်းဒေသ၏ ပထဝီထူးခြားချက်နှင့်အညီ အချို့သော လယ်မြေသည် သမားရိုးကျ စိုက်ပျိုးနည်းဖြင့်သာ စိုက်ပျိုးလျက်ရှိသည်။ ရိတ်သိမ်းထားသည့် ကောက်ရိုးများသည် နွားများအတွက် အစားအစာအဖြစ် အသုံးပြုနေသည်။