ကွမ်ကျိုးမြို့ ကိုဗစ်အဖြစ်များသောနယ်မြေတွင် ဝန်ထမ်းအားလုံး ကိုဗစ်ရောဂါစစ်ဆေးရေးအကြိမ်များစွာပြုလုပ်

2021-06-10 18:19:14 |သတင်းအရင်းအမြစ် 新华网

ဇွန်လ(၈)ရက်နေ့ ကွမ်ကျိုး လီဝမ်နယ်မြေ ပိုင်ဟော့တုန့်လမ်း ကွမ်ကောင်းမြို့သစ်တွင် ကိုဗစ်ရောဂါတားဆီးရေး စေတနာ့ဝန်ထမ်းများ(ညာ)က ဒေသခံနေထိုင်သူများအား လမ်းကြောင်းအတိုင်းသွားလာရန် လမ်းညွှန်နေသည်။


ထိုနေ့တွင် ကွမ်ကျိုးမြို့ ကိုဗစ်အဖြစ်များသောနယ်မြေ ပိုင်ဟော့တုန့်လမ်း၊ ကျုံးနန်လမ်းတွင် ဝန်ထမ်းအားလုံး အား ကိုဗစ်ရောဂါစစ်ဆေးရေးလုပ်ငန်း ပြုလုပ်ခဲ့သည်။ ကွမ်ကျိုးမြို့ကျန်းမာရေးကော်မရှင်၏ ဇွန်လ(၈)ရက်နေ့ ကြေညာချက်အရ မေလ(၂၆)ရက်နေ့မှစ၍ ကိုဗစ်ရောဂါစစ်ဆေးရေးလုပ်ငန်းပြုလုပ်ခဲ့ပြီး ဇွန်လ(၇)ရက်နေ့ထိ ကွမ်ကျိုးတစ်မြို့လုံးတွင် ကိုဗစ်ရောဂါစစ်ဆေးရေး နမူနာပေါင်း (၂၇၉.၈၅၅) သိန်းခု စစ်ဆေးခဲ့ပြီး ဓာတ်ခွဲ အတည်ပြုလူနာ (၄၀)ဦး တွေ့ ရှိခဲ့ပါသည်။