နွေအစ လောင်တုမြက်ခင်းပြင်

2021-06-16 18:47:40 |သတင်းအရင်းအမြစ် 新华网

နွေအစပိုင်းအချိန်အခါတွင် ကမ်းစူးပြည်နယ် တင်ရှီးမြို့ မင်ခရိုင်အတွင်းရှိ လောင်တု မြက်ခင်းပြင်သည် စိမ်းလန်းစိုပြေပြီး နွားများ၊ မြင်းများ အုပ်စုလိုက်သွားလာနေကြသည်။ သန့်စင်သော လေကောင်းလေသန့်ဖြင့် များစွာသော ခရီးသွားပြည်သူများကို ဆွဲဆောင်လျက်ရှိသည်။ လောင်တုမြက်ခင်းပြင်သည် တိဗက်ကုန်းမြင့်အရှေ့ပိုင်းနှင့် ချင်လင်တောင်တန်းအနောက်ပိုင်း အကူးအပြောင်းဇုန် ဖြစ်သည်။ ပျှမ်းမျှအားဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် (၂၆၀၀)မီတာရှိပြီး နွေရာသီတွင် အေးမြသောရာသီဉတုဖြင့် သက်တောင့်သက်သာ ရှိလှပေသည်။