တရုတ်နိုင်ငံ မဟာပင်လယ်အော်ဒေသ ရေအောက်ဥမင်လှိုဏ်ခေါင်း တည်ဆောက်မှု၏ ဥမင်ဖြတ်ပိုင်းတုံးများ ချိတ်ဆက်မှု စတင်ဆောင်ရွက်

2021-06-22 17:42:01 |သတင်းအရင်းအမြစ် 新华网

အလျား၂၄ ကီလိုမီတာရှိသော ပင်လယ်ရေအောက်ဥမင်လှိုဏ်ခေါင်းပါ အဝေးပြေးလမ်း စီမံကိန်းသစ် တစ်ခုကို တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံး-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဒေသ၌ ဒေသတွင်း သယ်ယူပို့ဆောင်ရေး တွန်းအားပေးနိုင်ရန်ရည်ရွယ်၍ တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ဆန်းကျန့် (Shenzhen)- ဇောင်းရှန်း(Zhongshan) ပင်လယ်ဖြတ်ကျော် အဝေးပြေးလမ်းပိုင်းသည် လာမည့် ၂၀၂၄ ခုနှစ်တွင် အလုံးစုံပြီးမြောက်မည်ဖြစ်ရာ ဆန်းကျန့် နှင့် ဇောင်းရှန်း မြို့နှစ်မြို့ကြား ခရီးသွားလာမှုကြာချိန်ကို ၂ နာရီမှ မိနစ် ၃၀ အထိ လျှော့ချပေးသွားနိုင်မည်ဖြစ်သည်။

ယင်းလမ်းပိုင်းပေါ်တွင် ပါဝင်သည့် အရှည် ၆.၈ ကီလိုမီတာရှိသော ရေအောက် ဥမင်လှိုဏ်ခေါင်းတစ်ခု ထဲတွင် ၈ လမ်းသွား အဝေးပြေးလမ်းမကြီးကို ထည့်သွင်းတည်ဆောက်ထားပြီး ဉမင်လှိုဏ်ခေါင်းတစ်လျှောက် ဥမင်ဖြတ်ပိုင်းတုံး ၃၂ တုံး ထည့်သွင်း တပ်ဆင်သွားမည်ဖြစ်ရာ ယင်းဖြတ်ပိုင်းတုံးများမှာ တစ်ခုနှင့်တစ်ခု မကြာမီတွင် အပြီးသတ်ချိတ်ဆက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော ဇွန် ၁၈ ရက်က ဥမင်လှိုဏ်ခေါင်း တည်ဆောက်ရေးအင်ဂျင်နီယာများသည် ပင်လယ်ရေအောက် အနက် ၄၀ မီတာကျော်တွင် တည်ဆောက်ရသည့် ရေအောက်အနက်ရှိုင်းဆုံးအပိုင်း ဉမင်ဖြတ်ပိုင်းတုံးများ ချိတ်ဆက်မှုအတွက် ခင်းကျင်းတပ်ဆင်မှုကို စတင်ဆောင်ရွက်နေပြီးဖြစ်ကြောင်း သိရသည်။(Xinhua)