“၂၀၀၀ ပြည့်နှစ်နောက်ပိုင်းဖွား” တို့၏ စိုက်ပျိုးရေးအထူးပြုအကူအညီကြောင့် နှစ်ပတ်အတွင်း ဖရုံသီးရောင်းအား ကီလိုဂရမ်(၂)သိန်းရှိ

2021-07-12 11:42:59 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ ရှန်တုံးပြည်နယ် လင်ရီမြို့ ဘောင်တောင်သီးနှံစိုက်ပျိုးရေးသမဝါယမအသင်းသည် ယခုနှစ်တွင် ဖရုံသီးမျိုးစေ့သစ် Da bei bei ကို တင်သွင်းခဲ့သည်။ Da bei bei ဖရုံသီးသည် ဖရုံသီးမျိုးသစ်ဖြစ်ခြင်းကြောင့် ဝယ်လက်နည်းပါး နေသဖြင့် အရောင်းမြှင့်တင်ရေးနှင့် ရောင်းအားများ အထူးလိုအပ်နေသည်။ လင်ရီမြို့ အဆင့်မြင့်ဘဏ္ဍာရေးနှင့်စီးပွားရေးသင်တန်းကျောင်းမှ အဆိုပါအကြောင်းကို လေ့လာသိရှိခဲ့ပြီးနောက် ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်ခြင်းပုံစံဖြင့် ဈေးရောင်းခြင်းလှုပ်ရှားမှု လုပ်ဆောင်ရန် စတင်ခဲ့သည်။ ယခုရက်ပိုင်းတွင် ဒီဂျစ်တယ်စီးပွားရေးအထူးပြုကျောင်းသား(၂၀)ဦးသည် ဆရာ၊ ဆရာမတို့၏ ဦးဆောင်မှုအောက်တွင် ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်ခြင်း လှုပ်ရှားမှုများစတင်ရန် အဆိုပါဒေသသို့ အလျင်အမြန်သွားရောက်ခဲ့သည်။ ထိုဒေသတွင် နေထိုင်စားသောက်ကာ နေ့စဉ်နေ့တိုင်း နံနက်နေမထွက်ခင်အချိန်ကပင် စတင်၍ ဖရုံသီးစိုက်ခင်းတွင် တိုက်ရိုက် ထုတ်လွှင့်ခြင်းများပြုလုပ်ကြရာ ကြည့်ရှုသူ၊ ကြိုက်နှစ်သက်သူများ တဖြည်းဖြည်း များပြားလာပြီး ရောင်းအား လည်း မြှင့်တက်လာသဖြင့် ယခုအချိန်တွင် သမဝါယမအသင်း၏ Da bei bei ဖရုံသီး ရောင်းအားမှာ ကီလိုဂရမ် (၂)သိန်းရှိနေပြီဖြစ်သည်။