နွေရာသီအခါ ကြာပန်းပွင့်ကာ ယဉ်ကျေးမှုဆန်းသစ်ရေခဲမှုန့် ရေပန်းစားလာ

2021-07-15 11:54:27 |သတင်းအရင်းအမြစ် 云南网

ပူအိုက်သောနွေရာသီတွင် ယူနန်ပြည်နယ် ကူမင်းမြို့ တာကွမ်းပန်းခြံ တာကွမ်းတိုက် (၁၇)ကြိမ်မြောက် ကြာပန်းပြပွဲ၏ ကြာပန်းရှုခင်းများကို ခရီးသွားပြည်သူအပေါင်းတို့ အထူးကြိုက်နှစ်သက်ကြသည်။ ပန်းခြံမှ ပထမဆုံးထုတ်လုပ်သည့် တာကွမ်းတိုက်နှင့် ကြာပန်းပုံစံယဉ်ကျေးမှု ဆန်းသစ်ရေခဲမှုန့်သည် အထူး ရေပန်းစားလျက် ရှိသည်။

ယခုနှစ်ကြာပန်းပြပွဲတွင် ပြသသည့်ဧရိယာမှာ မူ(၂၀၀)ကျော်(၃၂.၉၄၇ ဧကခန့်)ရှိပြီး ကြာပန်းမျိုးနွယ် (၁၀)မျိုး ကျော် ပါဝင်ကြောင်းသိရသည်။ ပထမဆုံးထုတ်လုပ်သည့် ယဉ်ကျေးမှုဆန်းသစ်ရေခဲမှုန့်သည် တာကွမ်းတိုက်၊ ကြာပန်းများပုံစံဖြင့် လက်ဖြင့် အပြည့်အဝ ပြုလုပ်ခြင်းဖြစ်သည်။ နွားနို့၊ Matcha၊ စတော်ဘယ်ရီ စသည့် အရသာများရှိသည်။ ခရီးသွားပြည်သူများအနေဖြင့် ရှုခင်းကိုရှုစားရင်း တာကွမ်းတိုက်မှသီးသန့်ထွက်ရှိသည့် နွေရာသီ၏ချိုမြိန်သောအရသာကိုပါ ခံစားနိုင်မည် ဖြစ်ပါသည်။