ကူမင်းမြို့ နွေရာသီတွင် Crepe-myrtle ရှေးသစ်ပင်မှ ပန်းများ ဖူးပွင့်ဝေဆာလျက်ရှိ

2021-07-16 17:47:09 |သတင်းအရင်းအမြစ် 云南网

နွေရာသီအချိန်အခါတွင် ကူမင်းဟေးလုံထမ်ပန်းခြံအတွင်းရှိ Crepe-myrtle ရှေးသစ်ပင်သည် ပန်းများ ဖူးပွင့်သည့်အချိန်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ ပန်းခြံအတွင်းရှိ နှစ်ပေါင်း(၃၀၀)ခန့်ရှိ Crepe-myrtle သစ်ပင်(၂)ပင်၏ပန်းများ ဖူးပွင့်သည်သာမက လုံချွန်ကွမ်တာအိုဘုန်းကြီးကျောင်းအတွင်းရှိ Crepe-myrtle သစ်ပင်များစွာသည်လည်း ပန်းများ ပွင့်ဖူးလျက်ရှိကြရာ လှပသောပန်းရှုခင်းများဖြင့် ခရီးသွားပြည်သူများကို ဆွဲဆောင်လျက်ရှိကြပါသည်။