တရုတ်အာကာသစခန်း ပင်မခန်း “Tianhe”၏ ပုံစံငယ်အား ရှန်ဟိုင်းမြို့တွင် ပြသ

2021-07-22 12:04:32 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ရှန်ဟိုင်းနက္ခတ္တဗေဒပြတိုက်တွင် တရုတ်အာကာသစခန်းပင်မခန်း Tianhe၏ပုံစံငယ်အား ပြသထားသည်။

အဆိုပါပြတိုက်သည် ကမ္ဘာ့ကြီးဆုံး နက္ခတ်တာရာပြတိုက်ဖြစ်ပြီး ဇူလိုင် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ အကျယ်အဝန်း(၅၈,၆၀၀) စတုရန်းမီတာခန့် ရှိသည့် ယင်းပြတိုက်သည် တရုတ်နိုင်ငံ (ရှန်ဟိုင်း)လွတ်လပ်သောကုန်သွယ်ရေး ရှေ့ပြေးဇုန် လျင်းကန်အထူးဒေသတွင် တည်ရှိပြီး ရှန်ဟိုင်းသိပ္ပံနှင့်နည်းပညာပြတိုက်၏ ဌာနခွဲလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)