ထမ်ရှန်းငလျင်(၄၅)နှစ်ပြည့် မြို့သူမြို့သားများက ပန်းများဖြင့် အောက်မေ့ခြင်းဖော်ပြကြ

2021-07-28 18:48:55 |သတင်းအရင်းအမြစ် 新华网

ဇူလိုင်လ(၂၈)ရက်နေ့သည် ထမ်ရှန်းငလျင်(၄၅)နှစ်ပြည့်သောရက် ဖြစ်ပါသည်။ ဤရက်များတွင် မြို့သူမြို့သားများသည် ထမ်ရှန်းငလျင်သတိရအောက်မေ့ပန်းခြံသို့ လာရောက်ပြီး မြေငလျင်တွင် သေဆုံးခဲ့သူများအတွက် သတိရအောက်မေ့နံရံရှေ့တွင် ပန်းများဖြင့် အောက်မေ့သတိရခြင်းကို ဖော်ပြခဲ့ကြသည်။

၁၉၇၆ ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့ နံနက်(၃)နာရီ(၄၂)မိနစ်(၅၃.၈)စက္ကန့်၌ တရုတ်နိုင်ငံ ဟော်ပေပြည်နယ် ထမ်ရှန်း-ဖုန်းနန်တစ်လျှောက်တွင် ပြင်းအား(၇.၈)အဆင့်ရှိ မြေငလျင်လှုပ်ရှားခဲ့သည်။ ငလျင်ဗဟိုချက်မှာ ပြင်းအား(၁၁)အဆင့်ရှိသည်။

ထမ်ရှန်းမြေငလျင်တွင် လူပေါင်း(၂.၄၂)သိန်းသေဆုံးခဲ့ပြီး လူပေါင်း(၁.၆၄)သိန်းမှာ ပြင်းထန်သော ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ထောင်သောင်းချီသောမိသားစုများ ပြိုကွဲခဲ့ရပြီး လူပေါင်း(၄၂၀၂)ဦးသည် မိဘမဲ့ ကလေးများ ဖြစ်ခဲ့ရသည်။ မြေမျက်နှာပြင်အဆောက်အဦး(၉၇%)၊ ထုတ်လုပ်မှုစက်ကိရိယာ (၅၅%) ပျက်စီးခဲ့သည်။ လမ်းပန်းသွားလာရေး၊ ‌ရေပံ့ပိုးရေး၊ လျှပ်စစ်မီးထောက်ပံ့ရေး၊ ဆက်သွယ်ရေးများအားလုံး ပြတ်တောက်ခဲ့သည်။ ၂၃ စက္ကန့်အတွင်း စီးပွားရေးဆုံးရှုံးမှုမှာ တရုတ်ငွေ ဘီလီယံ ၁၀ ယွမ်ရှိခဲ့သည်။ လူဦးရေသန်းချီရှိသော စက်မှုမြို့ပြဖြစ်သည် ထန်ရှန်းမှာ မြေပြင်အဖြစ်သို့ ရောက်ရှိခဲ့ရသည်။

ငလျင်ပြီးနောက် တရုတ်နိုင်ငံတော်အစိုးရမှ ထမ်ရှန်းပြန်လည်တည်ဆောက်ရေးအတွက် စုစုပေါင်း ယွမ်(၄၃၅၇)သန်း ရင်းနှီးမြှပ်နှံအသုံးပြုခဲ့သည်။ (၇)နှစ်ကြာ ပြန်လည်တည်ဆောက်ခဲ့ရာမှ ထမ်ရှန်းသည် ဆန်းသစ်လှပသောမြို့သစ်တစ်မြို့အဖြစ် ဆောက်လုပ်နိုင်ခဲ့ပါသည်။