စိတ်ကူးယဉ်အိပ်မက်ကမ္ဘာကဲ့သို့ လှပသော လန်ရွက်ကူ ရှုခင်းသာ

2021-09-18 16:31:59 |သတင်းအရင်းအမြစ် 新华网

လန်ရွက်ကူရှုခင်းသာသည် ယူနန်ပြည်နယ် လိကျန်းမြို့ ယွီလွန်နှင်းတောင်၏ တောင်ခြေတွင် တည်ရှိသည်။ “လန်ရွက်”ဆိုသည်မှာ တရုတ်လိုအသံထွက်ဖြစ်ပြီး အဓိပ္ပါယ်သည် အပြာရောင်လမင်း ဖြစ်သည်။ ၎င်းရှုခင်းသာအတွင်း ရေကန်များ ကြည်လင်ပြီး ပြာလဲ့လဲ့ဖြစ်နေကာ တောင်ချိုင့်ဝှမ်းသည်လည်း လမင်းပုံသဏ္ဌာန်ကဲ့သို့ဖြစ်နေသောကြောင့် လန်ရွက်ဟု အမည်မှည့်ခေါ်ထားခြင်းဖြစ်သည်။