ယူနန်ပြည်နယ် အန်းနင်မြို့မှ ရွှေရောင်စပါးခင်း ဆောင်းဦးရိတ်သိမ်းချိန်တွင် ရိတ်သိမ်းမှုများဖြင့် စည်ကားနေ

2021-09-22 18:48:31 |သတင်းအရင်းအမြစ် 新华网

ဆောင်းဦးလေညင်း တိုက်ခတ်ရာ စပါးပန်းပွင့်များသည် မွှေးကြိုင်နေပြီး လယ်ကွင်းများတွင် လယ်ယာစိုက်ပျိုးရေးဖြင့် အလုပ်များနေကြသည်။ နောက်ထပ်တစ်နှစ် ဆောင်းဦးရာသီ၏ ရိတ်သိမ်းချိန် ရောက်လာခြင်းဖြစ်ပြီး ယူနန်ပြည်နယ်၊ အန်းနင်မြို့၊ ချင်းလုံရပ်ကွက်မှ ဆွမ်းမေရွာနှင့် ပိုင်ထာရွာ တို့သည် စပါးရိတ်သိမ်းချိန်သို့ တစ်ရွာပြီးတစ်ရွာ ဝင်ရောက်လာသည်။ ကောက်ပဲသီးနှံစိုက်တောင်သူများသည် ကောင်းမွန်သောရာသီဥတုကို သိမ်းယူပြီး ဆောင်းဦးရာသီ ရိတ်သိမ်းမှု ဆောင်ရွက်ရန် ကြိုးစား အားထုတ်လုပ်ကိုင်နေကြသည်။ စပါးရိတ်ခြင်း၊ ထုပ်ပိုးခြင်း၊ စပါးပစ်တင်ခြင်း၊ ခြွေလှေ့ခြင်း လုပ်ငန်းအဆင့်ဆင့်၊ ကောက်ရိုးဦးထုပ်တစ်လုံး၊ တံစဉ်တစ်လက်၊ သံရေနွေးအိုးတစ်လုံးဖြင့် လယ်သမားများ၏ နေ့စဉ် ပြုစုစောင့်ရှောက်မှုမှတစ်ဆင့် “စပါးပျိုးပင်စိမ်းစိမ်း” မှသည် “ရွှေရောင်စပါးခင်း”ဖြစ်လာသည်။